Wednesday, September 12, 2012

သရုပ်ဆောင် မေဇွန် အိမ်ဖော်ကောင်မလေးကို သတ်လိုက်ကြောင်းဝန်ခံ

0 comments
ကမာရွတ်မြို့နယ်တွင်ဖြစ်ပွားခဲ့သော အိမ်အကူအမျိုးသမီးငယ် သေဆုံးမှုနှင့် ပတ်သက်၍ အိမ်ရှင်အမျိုးသမီးက ၄င်းကိုယ်တိုင် သတ်ခဲ့ကြောင်း ၀န်ခံလိုက်ပြီဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ ရဲမှူးက မီဒီယာများနှင့်
တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ “သေတာက ၃၆ နာရီအတွင်းသေတယ်။ သေဆုံးသူက ဧရာဝတီတိုင်း ပုသိမ်မြို့
ကပါ။ တရားခံကလည်းဝန်ခံတယ်။ ၀န်ခံတော့ ဆက်လက် စစ်ဆေးနေတယ်။ ဆက်ပြီးတော့ အမှုတွဲ တည်
ဆောက်နေတယ်”ဟု ရဲမှူးက ပြောကြားသည်။

တရားခံသည် MRTV-4 မှ ထုတ်လွှင့်မည့် ရုပ်သံဇာတ်လမ်းတွဲတွင် သရုပ်ဆောင်ရန် ရွေးချယ်ခံထားရသော

မေဇွန်ဆိုသူဖြစ်ပြီး သူမနေထိုင်သည့်အိမ်တွင် သူမအပါအ၀င် ၁၃ နှစ် အရွယ် အိမ်အကူတစ်ဦးနှင့် ယခု
အသတ်ခံရသူ ၁၈ နှစ်အရွယ် အိမ်အကူတို့ နေကြသည်။

သေဆုံးသူတွင် ရှိနေသည့် ဒဏ်ရာများကြောင့် အိမ်ရှင်နှင့် ကျန်အိမ်ဖော်အား စစ်ဆေးရာမှ ၀န်ခံချက်ထွက်ပေါ်
လာခြင်းဖြစ်ပြီ
း စစ်ဆေးချက်အရ လွန်ခဲ့သော ၅ လခန့်တွင် ရောက်ရှိခဲ့သည့် ယခုသေဆုံးသူ အိမ်အကူ မိန်းကလေးမှာ အမြဲတမ်း နှိပ်စက်ခံရလေ့ရှိကြောင်း ထွက်ဆိုသည်ဟု သတင်းရရှိသည်။ ယင်းကဲ့သို့ နှိပ်စက်ပြု
မူသူ တရားခံ မေဇွန်က အိမ်အကူမိန်းကလေးအား ဆံပင်ဆွဲ၍ ဦးခေါင်းနှင့် နံရံကို စောင့်ခြင်း၊ ၂ တစ်လက်မ တုတ်ဖြင့် ရိုက်နှက်ခြင်း၊ ၀မ်းဗိုက်ပေါ်သို့ တက်၍ခုန်ခြင်း၊ အိမ်အကူနှစ်ယောက် အချင်းချင်းကြက်မွေးတစ်ချောင်း
စီကိုင်၍ ရိုက်ခိုင်းခြင်းစသည် ကိုယ်ထိ လက်ရောက်မှုများနှင့် နှိပ်စက်လေ့ရှိကြောင်း စစ်ဆေးချက်များအရ
သိရသည်။

တရားခံ မေဇွန်ပါဝင်သရုပ်ဆောင်မည့် Flowers and Butterflies ရုပ်သံဇာတ်လမ်းတွဲမှာမကြာမီတွင်MRTV-4
မှ ရိုက်ကူးတော့မည်ဖြစ်ပြီး သူမက ဆာကူရာ ဇာတ်ရုပ်တွင် ယောက်ျားလို ပုံစံဖြင့် သရုပ်ဆောင်ရန် ရွေးချယ်
ခံထားရခြင်းဖြစ်သည်။တရားခံမေဇွန်သရုပ်ဆောင်ရမည့် ဆာကူရာဇာတ်ကော
င်နေရာတွင် အခြား ဇာတ်
ကောင်သစ်ကို ထပ်မံရွေးချယ်သွားမည်ဖြစ်ကြောင်
း အဆိုပါ ဇာတ်လမ်းတွဲ၏ အနုပညာအကြံပေး ဒါရိုက်တာ
မောင်သီက ပြောကြားသည်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here