Wednesday, August 15, 2012

ခြေလက်မရှိသူတစ်ဦး၏ (၁၂)မိုင် ရေကူးသွားတဲ့ခရီး

0 comments
အသက်(၄၃)နှစ်အရွယ် Philippe croizon
ဟုခေါ်သည့်
ပြင်သစ် လူမျိုးတစ်ဦးဟာ
ရေကူးဖို့ ခြေဆံလက်ဆံတွေ ရှိမနေပေမယ့်
ကီလိုမီတာ (၂၀)အကွာအဝေး ရှိတဲ့ ခရီးကို ရေကူးပြခဲ့တယ်လို့ သိရပါတယ်။
၎င်းဟာ ပစိဖိတ်သမုဒ္ဒရာထဲမှာရှိတဲ့
New Guinea ကျွန်း ကနေ အင်ဒိုနီးရှားက
Papua New Guinea
ကျွန်းကို ရေ ကူးပြခဲ့တာပါ။

ထိုသို့ ရေကူး၍ကြာချိန်ဟာ အချိန်တစ်နာရီခွဲရှိကြောင်းလည်း သိရသည်။ Philippe Croizon ဟာ
မတော်တဆမှု တစ်ခု၌ ၎င်း၏ လက်များကို တံတောင်ဆစ်အပေါ်မှလည်းကောင်း၊ ခြေကို ဒူးအောက်ပိုင်းလောက်မှလည်းကောင်း ဆုံးရှုံးခဲ့တာဖြစ်ကြောင်း သိရသည်။

Philippe Croizon နှင့်အတူ ၎င်းရေကူးတာကို Documentary ဗွီဒီယိုရိုက်ကူးတဲ့သူနှင့် အဖော်နှစ်ဦး
အတူတကွ လိုက်ပါကူးခဲ့ကြောင်းလည်း သိရသည်။
၎င်းတို့ကူးချိန်တွင် လေဆန်ဖြစ်နေတဲ့အတွက် ကူးရခက်ခဲခဲ့ပေမယ့် jellyfish တို့ ငါးမန်းတို့
အန္တရာယ်မျိုးတော့ မကြုံတွေ့ခဲ့ကြရကြောင်း သိရသည်။

ထိုကဲ့သို့ စွန်စွန့်စားစား ရေကူးဖို့ အင်ဒိုနီးရှားနိုင်ငံသို့ဝင်ရန် အင်ဒိုနီးရှားနိုင်ငံ အာဏာပိုင်များ၏ ခွင့်ပြုမိန့်ကို စောင့်ခဲ့ရ သည့်အတွက် ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှ ခွင့်ပြုမိန့်ကျလာခဲ့တာဖြစ်ကြောင်းလည်း
သိရသည်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here