Wednesday, August 29, 2012

အမှိုက်ပုံတွေ ပုံမှန်မသိမ်းရင် ကပ်ရောဂါတွေ ဖြစ်နိုင်

0 comments
ဖိလစ်ပိုင်နိုင်ငံ ၊မနီလာမြို့လမ်း များပေါ်တွင် သိမ်းကျုံးခြင်း မပြုသော အမှိုက်ပုံများ ရှိနေကြောင်း၊
၎င်း အမှိုက်ပုံများကြောင့် အမျိုးမျိုးသော ကပ်ရောဂါများ ဖြစ်ပွားနိုင်ကြောင်း အစိုးရကျန်းမာရေး
အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

အညစ်အကြေးများ၊ စွန့်ပစ်အရည်အခဲများ စုပုံလာပြီး ゞင်းတို့ကြွကက်များ၊ ယင်များကို ဆွဲဆောင် လျက်ရှိကာ ရောဂါများကို ပျံ့နှံ့စေ ကြောင်းသိရှိရပါတယ်။

အဲဒီအမှိုက်ပုံ များဟာ ရေကြီးခြင်းနှင့်အတူ ပါလာ ပြီး မနီလာမြို့တော်လမ်းများပေါ်တွင် တင်ကျန်ရစ်ခဲ့ကြောင်း သိရပါတယ်။

ထိုအမှိုက်များကို မသိမ်းဆည်းနိုင်သေးလျှင် ပိုးသတ်ဆေးများဖြင့် ဖျန်း ထားသင့်ပြီး သို့မဟုတ်ပါက တုပ်ကွေး အဖျား၊ ဝမ်းလျှောဝမ်းပျက်၊ ကာလ ဝမ်းနှင့် အရေပြားကျန်းမာရေး ပြဿနာများ ကူးစက်လာနိုင်ကြောင်း သတိပေးလိုက်ပါတယ်။

ဖိလစ်ပိုင်တွင် ရေကြီးမှုကြောင့် ဆရာဝန်များနှင့် အခြားကျန်းမာရေး ဝန်ထမ်းများဟာရေလွှမ်းမိုးမှုခံရသော

ဒေသများတွင် နားရက်မရှိ အလုပ်လုပ်နေရကြောင်း၊ ကြာလျှင် Leptospirosis ခေါ် အသားဝါရောဂါ

တစ်မျိုး ဖြစ်လာနိုင် ကြောင်းလည်း သတိပေးထားပါတယ်။ အဲဒီရောဂါဟာ အသက်အ္တရာယ် ပေးနိုင်သော

ရောဂါဖြစ်ပါတယ်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here