သေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာများ ရရှိသွား
ကြောင်းသိရှိရသည်။ တိုက်ဂါး ဒစ္စကို
ကလပ်တွင် သောကြာနေ့ နံနက် အစောပိုင်း
က မီးစတင် လောင်ကျွမ်းပြီး အသေအပျောက် ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိ
သူများက ပြောကြားခဲ့သည်။ တာဝန်ရှိသူများ
က နိုက်ကလပ်အနီးရှိ ထရန်စဖာကို မိုးကြိုးပစ်
ချရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဟု ဆိုသည်။
ထိုင်းနိုင်ငံ၊ ဖူးခက်ရှိ နိုက်ကလပ် တစ်ခုတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူ(၄)ဦး
သေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာများ ရရှိသွား
ကြောင်း သိရှိရသည်။ တိုက်ဂါး ဒစ္စကို
နိုက်ကလပ်တွင် သောကြာနေ့ နံနက်
အစောပိုင်းက မီးစတင် လောင်ကျွမ်းပြီး အသေအပျောက် ရှိသည်ဟု ထိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ တာဝန်ရှိသူများက နိုက်ကလပ်အနီးရှိ ထရန်စဖာကို မိုးကြိုးပစ်
ချရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဟု ဆိုသည်။

ထိုစဉ်က နိုက်ကလပ်ထဲတွင် လူအများအပြား ရှိနေခဲ့ပြီး ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်နိုင်သည့် ဖူးခက်ဒေသ ဖြစ်ခြင်းကြောင့် ထိုင်းနိုင်ငံသား မဟုတ်သူများလည်း ရှိနေကြောင်း သတင်းများက
ဖော်ပြခဲ့သည်။ ရဲတပ်ဖွဲ့က သေဆုံးသူ အရေအတွက် (၄)ဦးဟု ပြောဆိုထားသော်လည်း မည်သည့် နိုင်ငံသားများ ဖြစ်သည်ကို တိတိကျကျ မပြောနိုင်သေးချေ။ ဒဏ်ရာရသူများတွင်မူ
နိုင်ငံခြားသားများ ပါဝင်နေကြောင်း အတည်ပြုထားသည်။
ထိုင်းနိုင်ငံရှိ နိုက်ကလပ်များ၏ လုံခြုံရေး အားနည်းချက်သည် (၂၀၀၉)ခုနှစ်က မီးလောင်မှုအတွင်း သိသိသာသာ ပေါ်ထွက်လာခဲ့သည်။ ထိုစဉ်က ဘန်ကောက်ရှိ ဆန်တီကာ နိုက်ကလပ်တွင် နှစ်သစ်ကူးနေ့ အစောပိုင်း၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူ(၆၇)ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယခုမီးလောင်မှု
ဖြစ်ပွားရာ တိုက်ဂါးနိုက်ကလပ်သည် ဖူးခက်ရှိ ပါတွန်ကမ်းခြေ ဧရိယာအနီးတွင် တည်ရှိပြီး ပြည်တွင်းပြည်ပ ဧည့်သည်များဖြင့် စည်ကားနေလေ့ရှိကြောင်း သိရှိရသည်။
Source: BBC