ရန်ကုန်၊ သြဂုတ် ၁၈
နာမည်ကျော် ရွှေယုန်လေး ကြေးအိုးဆိုင်၏ ရန်ကင်းဆိုင်ခွဲတွင် သြဂုတ်လ ၁၆ရက် နံနက် ၈နာရီ ၄၀မိနစ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ ဆိုင်အလုပ်သမား ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၊ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။
ရန်ကင်းမြို့နယ် ၊၈ ရပ်ကွက် ၊ပါရမီလမ်းနှင့် သီရိလမ်းထောင့် ရှိ ရွှေယုန်လေး ကြေးအိုးဆိုင် မီးဖိုခန်းအတွင်း
အသက်၂၁နှစ် အရွယ် ဆိုင်ဝန်ထမ်း မောင်ပိုက မီးမွှေးရာမှ အနီးတွင် တပ်ဆင်ထားသော ဂက်စ်အိုးတွင်
တပ်ဆင်ထားသော ပလက်စတစ် ပိုက်ပေါ် မီးသွေးခဲ ကျပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ယင်းတိုင်းဒေသကြီး
၊ ရဲတပ်ဖွဲ့မှူးရုံးထံမှ အတည်ပြုထုတ်ပြန်သည်။
မီးလောင်မှုကြောင့်ဆိုင်ဝန်ထမ်းများ ဖြစ်ကြသော အသက်၂၁နှစ် အရွယ် မောင်ပို၊ အသက်၄၀အရွယ် ဦးအေးချိုနှင့် အသက်၁၈နှစ်အရွယ် မောင်ရာဇာတို့ ၃ဦးမှာ ဘယ်နှင့် ညာခြေထောက်များတွင် မီးအပူလောင်ဒဏ်ရာများ
ရရှိခဲ့သောကြောင့် ဆေးရုံတွင် အတွင်းလူနာ အဖြစ် ကုသနေပြီး၊ မစိုးရိမ်ရကြောင်း ယင်းရဲတိုင်းရုံး
ထံမှသိရသည်။
မီးလောင်မှုကို ဆိုင်ဝန်ထမ်းများက ၀ိုင်းဝန်း ငြိမ်းသတ် ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် မန်နေဂျာဦးဇော်လင်းကို၊ ရန်ကင်းရဲစခန်း(ပ)၃၃၅/၂၀၁၂ ၊ပုဒ်မ၂၈၅/၃၃၇ဖြင့်အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။ c.c The Voice Weekly
ရန်ကင်းမြို့နယ် ၊၈ ရပ်ကွက် ၊ပါရမီလမ်းနှင့် သီရိလမ်းထောင့် ရှိ ရွှေယုန်လေး ကြေးအိုးဆိုင် မီးဖိုခန်းအတွင်း
အသက်၂၁နှစ် အရွယ် ဆိုင်ဝန်ထမ်း မောင်ပိုက မီးမွှေးရာမှ အနီးတွင် တပ်ဆင်ထားသော ဂက်စ်အိုးတွင်
တပ်ဆင်ထားသော ပလက်စတစ် ပိုက်ပေါ် မီးသွေးခဲ ကျပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ယင်းတိုင်းဒေသကြီး
၊ ရဲတပ်ဖွဲ့မှူးရုံးထံမှ အတည်ပြုထုတ်ပြန်သည်။
မီးလောင်မှုကြောင့်ဆိုင်ဝန်ထမ်းမ
ရရှိခဲ့သော
ထံမှသိရသည်။
မီးလောင်မှုကို ဆိုင်ဝန်ထမ်းများက ၀ိုင်းဝန်း ငြိမ်းသတ် ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် မန်နေဂျာဦးဇော်လင်းကို၊ ရန်ကင်းရဲစခန်း(ပ)၃၃၅/၂၀၁၂ ၊ပုဒ်မ၂၈၅/၃၃၇ဖြင့်အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။