Wednesday, August 29, 2012

ပြည်တွင်းရေကြောင်းသွား သဘောင်္များ ဂျပန်က အသစ်လဲပေးမည်

0 comments
ပြည်တွင်းရေကြောင်းသွား သင်္ဘောများကို အသစ်လဲ
ပေးမည့် အစီအစဉ် အပါအဝင် သဘောင်္ကျင်း တည်ဆောက်ရေး လုပ်ငန်းများကို ODA အစီအစဉ်ဖြင့် ကူညီဆောင်ရွက်ပေး
သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ သဘောင်္တည်ဆောက်ရေးဌာန ညွှန်ကြားရေးမှူး Mr Shinichiro Otsubo က ပြောကြားသည်။

သြဂုတ် ၂၄ ရက်က ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်တွင် ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ ကုန်းလမ်း၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေး
ဆိုင်ရာ ဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် ပို့ဆောင်ရေး
ဆိုင်ရာ အဆင့်မြင့်နည်းပညာအသုံးချရေး အလုပ်ရုံဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပထမအဆင့် ပြည်တွင်းရေကြောင်းသွား သဘောင်္တွေကို အသစ်လဲပေးသွားပါမယ်။ ဒုတိယအဆင့်က ပင်လယ်
ကမ်းရိုးတန်းသွား သဘောင်္တွေ အန္တရာယ်ကင်းရှင်းဖို့နဲ့ ဒလသဘောင်္ကျင်းကို အဆင့်မြှင့်ပေးတဲ့ လုပ်ငန်း
တွေကို ဆောင်ရွက်ပေးသွားပါမယ်” ဟု Mr Shinichiro Otsubo က ပြောကြားသည်။

ယင်းကဲ့သို့ ကူညီဆောင်ရွက်ပေးရာတွင် အဆင့်သုံးဆင့်ဖြင့် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကာ ဂျပန်နိုင်ငံ
မှ မြန်မာနိုင်ငံသို့ အကူအညီပေးမည့် ODA ချေးငွေများဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။

“ပထမအဆင့်ဖြစ်တဲ့ ပန်းဆိုးတန်း-ဒလ ပြေးဆွဲနေတဲ့ ရေယာဉ်ကို ဒီဇိုင်းရေးဆွဲနေပြီး လာမယ့်နှစ် မတ်လပိုင်းမှာ ပြီးမယ်။ သဘောင်္ တည်ဆောက်တာကတော့ တစ်နှစ်ကြာမယ်။ ခရီးစဉ်ပြေးဆွဲဖို့ အတွက်ကတော့ နှစ်နိုင်ငံ လုပ်ထုံးလုပ်နည်းတွေအပေါ် မူတည်ပါတယ်” ဟု ယင်းကထပ်မံ ပြောကြားသည်။

လက်ရှိတွင် ပန်းဆိုးတန်း-ဒလခရီးစဉ် ပြေးဆွဲခြင်းများကို ပြည်တွင်းရေကြောင်းပိုင် ရေယာဉ်များဖြင့်နေ့စဉ်
ပြေးဆွဲလျက်ရှိပြီး တစ်နေ့လျှင် ခရီးသည် ၃၅၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ အဆင့်မြင့်အရာရှိတစ်ဦးက “ဂျပန်နိုင်ငံက မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးကတည်းက ကူညီထောက်ပံ့မှုတွေ အရင်တုန်းကထက် ပိုပြီးတော့ပေးတယ်။

ကဏ္ဍအစုံမှာ ပေးတယ်။ အဲဒီထဲကမှ သူတို့က ကျွန်းနိုင်ငံ ဖြစ်တဲ့အတွက် ပြည်တွင်းရေကြောင်းသွား ကူးတို့ဆိပ်
တွေကို စိတ်ဝင်စားတယ်။ သူတို့ကိုယ်တိုင်က ကူးတို့ဆိပ် ရေယာဉ်တွေအတွက် အကူအညီ ပေးချင်တယ် ဆိုပြီးတော့ ကမ်းလှမ်းတယ်။ လက်ရှိမှာတော့ ပန်းဆိုးတန်း-ဒလ ရေယာဉ်ကို လက်ရှိ ရန်ကုန်မြစ် အခြေအနေ၊ ခရီးသည်စီးနင်းမှု၊ မြစ်အတွင်း ရေစီးရေလာအခြေအနေတို့ကို လေ့လာပြီးရေယာဉ် တည်ဆောက်ပေးဖို့
ရှိတယ်။

ပြေးဆွဲဖို့ကတော့ ၂၀၁၅ ခုနှစ်မှာ ဖြစ်မယ်လို့ ထင်တယ်” ဟု ပြောကြားသည်။

ယင်းအပြင် လက်ရှိတွင် ပို့ဆောင်ရေးဝန်ကြီးဌာနမှ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရန် ဂျပန်နိုင်ငံ ကုန်းလမ်း၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေး
ဆိုင်ရာဝန်ကြီးဌာနသို့နည်းပညာများကူညီဆောင်ရွက်ပေးနိုင်ရန် တောင်းဆိုထားကြောင်းMr.Shinichiro
Otsubo က ဆိုသည်။

အလားတူ ဒလသဘောင်္ကျင်း အဆင့်မြှင့်တင်နိုင်ရန်အတွက် ဂျပန်နိုင်ငံမှ နည်းပညာရှင်များ မြန်မာနိုင်ငံသို့ စက်တင်ဘာတွင် လေ့လာမှုများ လာရောက်ပြုလုပ်မည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၀
ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here