Friday, August 17, 2012

ဆန္ဒပြပွဲ ပစ်သတ်မှု တောင်အာဖရိက ရဲချုပ်ကာကွယ်

0 comments
17.08.2012
တောင်အာဖရိက နိုင်ငံအတွင်း
ဖြစ်ပွားနေတဲ့ မိုင်းအလုပ်သမားတွေရဲ့
ဆန္ဒပြပွဲအတွင်း တိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့က
မိမိကိုယ်ကိုယ် ခုခံတဲ့အနေနဲ့ ပစ်ခတ်ခဲ့တဲ့
အတွက် လူပေါင်း ၃၄ ယောက် သေဆုံးပြီး
၈၀ နီးပါး ဒဏ်ရာရရှိခဲ့ကြတယ်လို့ အမျိုးသား
ရဲတပ်ဖွဲ့ ရဲချုပ်က ပြောပါတယ်။

သပိတ်မှောက် ဆန္ဒပြသူတွေက
အသက်အန္တရာယ်ပေးစေနိုင်တဲ့ လက်နက်တွေနဲ့ ကြာသာပတေးနေ့ တုန်းက တိုက်ခိုက်ခဲ့တဲ့
အတွက် ရဲတပ်ဖွဲ့က အင်အားသုံးပြီး ပြန်လည် ခုခံခဲ့ရတာဖြစ်တယ်လို့ ရဲချုပ် မစ္စရီယာ ဖီယေးဂျား
(Riah Phiyega) က သောကြာနေ့မှာ ပြောဆိုပါတယ်။

ရွှေဖြူတူးဖော်ရေး ကုမ္ပဏီကလည်း ဆန္ဒပြသူတွေတချို့ဟာ လက်နက်တွေ ကိုင်ဆောင်ထားတယ်လို့ 
ပြောပါတယ်။

ပထမပိုင်းမှာ ရဲတပ်ဖွဲ့က မီးသတ်ပိုက်တွေနဲ့ လူစုခွဲရာမှာ အသုံးပြုတဲ့ အန္တရာယ်မရှိတဲ့ ဗုံးတွေကို အသုံးပြုခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ပြောပါတယ်။

မြို့တော် ဂျိုဟားနားစ်ဘတ်ရဲ့ အနောက်မြောက်ဘက် မိုင်တစ်ရာလောက်မှာ ရှိတဲ့ Lonmin
PLC ပလက်တီနံ သတ္ထုတူးဖော်ရေးမိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြ အဓိကရုဏ်းအတွင်း
လူပေါင်း ၂၅၀ ကျော် ဖမ်းဆီးထားတယ်လို့လည်း ရဲချုပ်က ပြောပါတယ်။

အခုလို အဓိကရုဏ်းဖြစ်ပွားတဲ့အတွက် တောင်အာဖရိက သမ္မတ ဂျက်ကော့ဘ် ဇူးမားဟာ
မိုဇန်ဘစ်နိုင်ငံ မှာ ကျင်းပနေတဲ့ ဒေသတွင်းအစည်းအဝေးကို
တက်ရောက်နေရာကနေ အစီအစဉ်ဖျက်ပြီး တောင် အာဖရိကကို ပြန်သွားခဲ့ပါတယ်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here