နာမည်ကျော် ကိုရီးယားမင်းသားလီမင်ဟို၏ ဖယောင်းရုပ်တုသည်ဟောလိဝုဒ်ငွေကြယ်ပွင့်များ ဖြစ်သည့် အိန်ဂျလီနာဂျိုလီ၊ ဂျော့ဂ်ျကလူးနေးတို့၏ ရုပ်တုများနှင့်အတူ ရှန်ဟိုင်းမြို့Madame Tussaud ပြတိုက်တွင်
ပြသ ထားတော့မည်ဖြစ်သည်။ပြတိုက်တာဝန်ရှိသူများက လီမင်ဟိုကို ကိုရီးယားအနုပညာလောက၏ အကျော်ကြားဆုံး သရုပ်ဆောင်တစ်ဦးအဖြစ် အသိအမှတ်ပြုသည့်အနေဖြင့်ယခုကဲ့သို့ ပြတိုက်တွင်ထားရှိခြင်း
ဖြစ် ကြောင်း လီမင်ဟို၏ အေဂျင်စီကထုတ်ဖော်ပြောကြားသည်။မကြာသေးမီက ပြတိုက်မှ တာဝန်ရှိသူများ ကိုရီးယားနိုင်ငံသို့ လာရောက်၍လီမင်ဟို၏ ပုံတူဖယောင်းရုပ်တု ပြုလုပ်ရန်လီမင်ဟို၏ ခန္ဓာကိုယ်အချိုးအစား အတိုင်းအတာများရယူပြီး ပြုလုပ်မည့်ရုပ်တု၏ကိုယ်နေဟန်အနေအထား၊ ဒီဇိုင်းပုံစံတို့နှင့် ပတ်သက်၍
ဆွေးနွေးသွားခဲ့ကြောင်းအေဂျင်စီက ဆက်လက်ပြောကြားသည်။

ပြတိုက်တွင် နာမည်ကျော် ပုဂ္ဂိုလ်များ၊ရုပ်ရှင်သရုပ်ဆောင်များ၊ နာမည်ကျော်အားကစား သမားများ၏ ပုံတူဖယောင်းရုပ်တုများ ခင်းကျင်းပြသထားခြင်းဖြင့် လာရောက်လေ့လာလည်ပတ်သည့် ခရီးသွားများအနေဖြင့်ယင်းပုဂ္ဂိုလ်များနှင့်အတူ ယှဉ်တွဲ၍အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်မည်ဖြစ်သည်။
လီမင်ဟိုသည် ၁၉၉၉ ခုနှစ်မှစ၍Boys Over Flowers ဇာတ်လမ်းတွဲမှစ၍ အနုပညာလောကသို့ ဝင်ရောက်လာသူဖြစ်ပြီး ကိုရီးယားတွင် သာမကအာရှတွင်ပါ နာမည်ကျော်လူကြိုက်များသည့် ကိုရီးယား
ငွေကြယ်ပွင့်ဖြစ်သည်။လီမင်ဟိုသည် ယခုလောလောဆယ်မင်းသမီးကင်မ်ဟီဆွန်းနှင့် တွဲဖက်၍
The Great Doctor ဇာတ်လမ်းတွဲရိုက်ကူးလျက်ရှိသည်။ (အင်တာနက်)