Saturday, August 25, 2012

Empire State အနီး သေနတ် ပစ်ခတ်မှု

0 comments
နယူးယောက်မြို့ Empire State အဆောက်အဦးကြီး
အနီးမှာ သေနတ်ပစ်မှု ကျူးလွန်ခဲ့သူ ဟာအလုပ်ပြုတ်လာ
ခဲ့သူတယောက်ဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်ဟောင်း
တယောက်ကို ပစ်သတ်ခဲ့ပြီးတဲ့နောက် ရဲကလဲ သူ့ကိုပစ်
သတ်လိုက်ပါတယ်။ ရဲကပစ်သတ်လိုက်ရတဲ့ ၅၃နှစ်
အရွယ်ရှိ Jefferey Johnson ဆိုသူဟာ ဒေါသအလွန်
ကြီးသူ ဖြစ်ပြီး လွန်ခဲ့တဲ့တနှစ်က Empire State အဆောက်အဦးကြီးနားမှာရှိတဲ့ Hazan Importers လို့ခေါ်တဲ့ အမျိုးသမီးအ၀တ်အထည်ကုမ္ပဏီကနေ
အလုပ်ထုတ်ခံခဲ့ရကြောင်း ၊ ၄၁ နှစ်ရှိ သူ့လုပ်ဖော်ကိုင်ဖက်ဟောင်းရဲ့ ဦးခေါင်းကို .45 ခြောက်လုံးပြူးနဲပစ်သတ် ခဲ့တာဖြစ်ကြောင်း နယူးယောက်ရဲမင်းကြီး Ray Kelly ကသတင်းထောက်တွေကိုပြောပြပါတယ်။
Johnson ဟာ လူသတ်ပြီးထွက်ပြေးဖို့ ကြိုးစားခဲ့ကြောင်း၊ ဒါပေမဲ့ဆောက်လုပ်ရေး လုပ်သား တဦးက ရဲတွေကို လှမ်းပြောတဲ့အတွက် ရဲတွေကလိုက်တဲ့အခါမှာ Johnson က ရဲတွေကို ပြန်ပစ်တဲ့အတွက် ပစ်သတ်လိုက်ရတဲ့
အကြောင်း ရဲမှူးကြီးကရှင်းပြပါတယ်။

အဲဒီသေနတ်ပစ်မှုမှာ တခြားအမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ လဲ ဒဏ်ရာရခဲ့ကြ ကြောင်း၊ တချို့ကိုလဲ ရဲတွေကပစ်တဲ့ကျည်ဆံထိမှန်ကြောင်း၊ နယူးယောက်ရဲမင်းကြီးနဲ မြို့တော်ဝန် Michael Bloomberg တို့ကရှင်းပြပါတယ်။ ဒါပေမဲ့ ဒဏ်ရာသူတွေမှာ သေနိုင်လောက်တဲ့ဒဏ် မရှိကြဘူးလို့ ဆိုပါတယ်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here