၁။ မြန်မာနိုင်ငံအတွင်း နေထိုင်သူ ဖြစ်ရပါမည်။
၂။ ပညာရေး လိုလားသူ၊ ထူးချွန်သူဖြစ်ပြီး ပညာ ဆက် လက် သင်ယူရန် ငွေကြေး အခက်အခဲ အမှန် တကယ် ကြုံတွေ့ နေသူ ဖြစ်ရပါမည်။
၃။ ပညာသင်ဆု ရွေးချယ်ရာတွင် လျှောက်ထားသူ၏
ပညာ ထူးချွန်မှု၊ တက်ရောက် လိုသော
သင်တန်း / ကျောင်း / တက္ကသိုလ်သည် အနာဂတ်
တိုင်းပြည် အတွက် အသုံးဝင် မှု၊
လျှောက် ထား သူ၏ ဘဝ ရည်မှန်းချက်၊ ပညာ သင်ဆု ရံပုံငွေတို့ အပေါ် မူတည်ကာ ရွေးချယ်
ဆုံးဖြတ် သွား မည် ဖြစ်သည်။
၎။ လူထု စိန်ဝင်း ပညာသင်ဆု လျှောက်လွှာကို အမှတ် (၅၀၁) ကုန်သည်လမ်း၊ ၃၉ လမ်း ထောင့်၊ ကျောက် တံတား မြို့နယ်၊ ရန်ကုန်မြို့နှင့် www.luduseinwin.com ဝက်ဘ် ဆိုက် တို့တွင် ရယူနိုင်ပါသည်။
၅။ ပညာသင်ဆု လျှောက်ထားလိုသူသည် ဖြည့်သွင်းပြီးသော လျှောက်လွှာကို -
လူထုစိန်ဝင်း ပညာသင်ဆု ရွေးချယ်ရေးအဖွဲ့
အမှတ် (၅၀၁) ကုန်သည်လမ်း၊ ၃၉လမ်းထောင့်၊ကျောက်တံတား မြို့နယ်၊ ရန်ကုန် မြို့
(သို့မဟုတ်) luduseinwinscholarship@gmail.com သို့
ဩဂုတ်လ (၃၁)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရမည်။၊
အမှတ် (၅၀၁) ကုန်သည်လမ်း၊ ၃၉လမ်းထောင့်၊ကျောက်တံတား မြို့နယ်၊ ရန်ကုန် မြို့
(သို့မဟုတ်) luduseinwinscholarship@gmail.com သို့
ဩဂုတ်လ (၃၁)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရမည်။၊
၆။ ပညာသင် ဆု လျှောက်လွှာတွင် ဖြည့်သွင်း ထားသော အချက်များ အားလုံး (သို့မဟုတ်) အချက် အလက် အချို့သည် မှန်ကန်မှု မရှိကြောင်း တွေ့ရှိရပါက ပညာသင်ဆု ပေးရန် လုံးဝ စဉ်းစားမည် မဟုတ်ပါ။
၇။ ဆု ရွေးချယ်ရေး အဖွဲ့၏ ဆုံးဖြတ်ချက် သည်သာ နောက်ဆုံး အတည် ဖြစ်သည်။
၈။ ပညာသင်ဆု လျှောက်လွှာ လက်ခံ ရရှိကြောင်း (သို့မဟုတ်) ပညာသင်ဆုချီးမြှင့်ခြင်းမခံရ ကြောင်းကို
လျှောက်ထား သူများ အား ပြန်လည် အကြောင်း ကြားမည် မဟုတ်ပါ။
၉။ ပညာသင် ဆုရရှိသူကို ၂၀၁၂ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့ နောက်ဆုံးထား အကြောင်း ကြား ပေး ပါမည်။
၁၀။ လျှောက်ထား သူများ အနေဖြင့် ဆုရွေးချယ်ရေး အဖွဲ့ထံမှ မည်သည့် ဆက် သွယ်မှု (သို့ မဟုတ်) အကြောင်းကြားစာကို ၂၀၁၂ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့ အထိ လက်ခံရရှိခြင်း မရှိပါ က လျှောက်ထားသူ သည် ယခုနှစ် အတွက် ရွေးချယ်ခြင်း မခံရကြောင်း မှတ်ယူရ မည် ဖြစ်ပါ သည်။
-လူထုစိန်ဝင်းပညာသင်ဆု ရွေးချယ်ရေးအဖွဲ့