
ရွာနှင့် ခေါင်းမိုင်းကျေးရွားအနီးမှ ခြံမြေ ဧက ၁၂၀ကို တက်လမ်း ကုမ္ပဏီမှ သိမ်းယူရန် ပြင်ဆင်လျှက်ရှိရာ ယင်းခြံမြေပိုင်သူ တောင်သူများက ရှမ်းပြည်နယ် အစိုးရ
သို့တိုင်ကြားထားကြောင်း လိုက်လံ ဆောင် ရွက်ပေးနေ
သူတစ်ဦးက ပြောသည်။
မြေသိမ်းခံရမ့် အရေးနှင့်ပါတ်သက်၍ ဒေသခံများက ကယန်းတိုင်းရင်းသားဝန်ကြီး ဦးလောရင်းနှင့် ဖယ်ခုံ
မြို့နယ် အမတ် ဦးအာဗြာဟန်တို့ကို ဒေသခံများက တိုင်းကြားခဲ့ရာ သြဂုတ်လ ၂၁ ရက်နေ့ တက်လမ်း ကုမ္ပဏီ၊ သစ်တောဦးစီးဌာန တာဝန်ရှိသူနှင့် တောင်သူများကို ခေါ်ယူကာ ဆွေးနွေးညှိနိုင်းခဲ့သည်။
ယင်းဆွေးနွေးပွဲသို့ တက်လမ်းကုမ္ပဏီမှ လာရောက်ခြင်း မရှိပဲ ဖယ်ခုံမြို့နယ် မြေစာရင်း ဦးစီးဌာနမှ
ဦးတင်ကိုလတ်က ကုမ္ပဏီကိုယ်စား တက်ရောက်ခဲ့သည်။ သို့သော်လည်း ယင်းဆွေးနွေးပွဲမှာ တစုံတရာ သဘော တူညီချက် ထွက်ပေါ်ခဲ့ခြင်း မရှိပဲ တက်လမ်း ကုမ္ပဏီမှ ယင်းမြေများကို ပိုင်ဆိုင်သွားပြီးဟု ဦးတင်ကိုလတ် က ပြောဆိုခဲ့သည်ဟု ဒေသခံများက ပြောသည်။
ခေါင်းမိုင်းနှင့် အနီးအနားရှိ ကျေးရွာအချို့ ဒေသခံများအဖို့ ယင်းမြေများကို အားထားလုပ်ကိုင် စာသောက်
နေရကြောင်းလည်းး ဆောင်ရွက်ပေးနေသူ ကယန်းမျိုးဆက်သစ်လူငယ်အစည်းအရုံးမှ အတွင်းရေးမှူး
ကို ဂျက်စတင်းက ပြောသည်။
၎င်းက ဒီခြံမြေတွေက ခေါင်းမိုင်းနဲ့ အနားကရွာက တောင်သူတွေရဲ့ တခုတည်းသော သက်မွေးဝမ်းကြောင်း လုပ်ငန်းဖြစ်လို့ မြေတွေကို သိမ်းသွားရင် တခြားလုပ်ကိုင်စားသောက်စရာ ဘာမှ မရှိတော့ဘူး ဟု ပြော သည်။
ဇူလိုင်လကတည်းက သိမ်းဆည်းရန် ပြင်ဆင်လျှက်ရှိသည့် ယင်းမြေများတွင် ပြောင်းဖူးနှင့် မြေဆီပြည့်ဝရန် ချိန်လှပ်မြေအချို့ ပါဝင်၍ တက်လမ်းကုမ္ပစီမှ ယင်းမြေများတွင် သစ်မာနှင့် သစ်မွှေးများကို စိုက်ပျိုးရန် ပြင် ဆင်လျှက်ရှိည်ဟုလည်း ကိုဂျက်စတင်းက ပြောသည်။
ယခု နောက်ဆုံး သိရှိရသည့် အချက်အလက်များအရ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ အဆုံးအဖြတ်ကို စောင့် ဆိုင်း နေသည့် အနေအထားဖြစ်သည် ကိုဂျက်စတင်း၏ ပြောဆိုချက်အရ သိရှိရသည်။
ဆယ်စုနှစ်နှင့်ချီ၍ သိမ်းဆည်းခံခဲ့ရသည့် လယ်မြေ၊ ယာမြေများနှင့်ပါတ်သက်၍ သိမ်းဆည်းခံရသူများဘက်မှ ဆန္ဒထုတ်ဖေါ်ခြင်း၊ သမ္မတကြီးထံ အသနားခံစာတင်ခြင်း၊ ထွန်တုံးတိုက်ပွဲ ဆင်နွဲခြင်းတို့ ပြုလုပ်လျှက်ရှိသည်။
မြေသိမ်းခံသည့် အဖြစ်အပျက်များတွင် စစ်တပ်မှ သိမ်းယူခြင်း၊ အစိုးရ စီမံကိန်းများအတွက် သိမ်းယူခြင်း၊ ကမ္ပဏီများအတွက် သိမ်းယူခြင်းတို့ ပါဝင်၍ အနည်းဆုံး မြေဧက ရာဂဏန်းမှ အများဆုံး သိန်းကဏန်းအထိ ရှိသည်ကို တွေ့ရသည်။