Sunday, September 2, 2012

နိုင်ငံခြား သင်္ဘော ကုမ္ပဏီ ၁၀၀ ကျော် မြန် မာနိုင်ငံလာပြီ

0 comments
နိုင်ငံခြားသင်္ဘောကုမ္ပဏီ ၁၀၀ ကျော်မှ တရားဝင် မှတ်ပုံတင်ပြီး မြန်မာနိုင်ငံသားသင်္ဘောသား
များကို ငှားရမ်းခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်္ဘောကုမ္ပဏီများသည် မြန်မာ သင်္ဘော သားများကို အသုံးပြုနိုင်ရန် ပို့ဆောင်ရေးဝန် ကြီးဌာ နတွင် မှတ်ပုံတင်ခဲ့ကြောင်း သိရသည်။

“မြန်မာသင်္ဘောသားများ ခန့်ထားဖို့ တရားဝင်မှတ်ပုံတင်
ထားတဲ့ကုမ္ပဏီစုစုပေါင်း ၁၂၆ ခုရှိပါ တယ်။
ဒီကုမ္ပ ဏီတွေက မြန်မာသင်္ဘောသားအမြောက်အမြား ကို ငှားရမ်းအသုံးချလျက်ရှိပါ တယ်”ဟု မြန်မာနိုင်ငံ
ပင်လယ်ကူးအလုပ်သမားများ အဖွဲ့ချုပ်ညီလာခံတွင် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက
ပြောသည်။

မြန်မာနိုင်ငံတွင် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသော သ င်္ဘောသား ဦးရေ၏ ရာခိုင်နှုန်း ၃၀ မှာ အလုပ်အကိုင်များ ရှိကြောင်း သိရသည်။

“နောက်ဆုံးစာရင်းအရ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ ပင်လယ်ကူး သင်္ဘောသားပေါင်း ၈၀၀၀ ကျော်ရှိတဲ့အနက် ရာခိုင်နှုန်း ၃၀ လောက်ဟာ သင်္ဘောများပေါ်တွင် Actively တာဝန်ထမ်းဆောင်နေကြပါတယ်”ဟု ဒုတိယ၀န်ကြီးက ဆက်လက်ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် သင်္ဘောသားအလုပ်သမားများ ပိုမိုများပြားလာသကဲ့သို့ အလုပ်အ ကိုင်အခွင့်အရေး များ လိုအပ်လာပြီး အရည်အသွေးများမြှင့်တင်ရန် လိုအပ်လာကြောင်း သိရသည်။

“ကျွန်တော် သင်္ဘောသားသုံး Best အင်္ဂလိပ်အောင်ပြီးပါပြီ။သင်္ဘောကုမ္ပဏီတွေမှာအလုပ်လိုက်လျှောက်ပါတယ်။
ကုမ္ပဏီတိုင်းမှာ အလုပ်လိုက်လျှောက်ပေမယ့် အလုပ်မရခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ပင်လယ်ပြင် အတွေ့ 
အကြုံ မရှိတာတို့၊ သင်တန်းတွေတက်ဖို့ လိုအပ်နေတာမျိုးတွေနဲ့ ငြင်းပယ်ခံရပါတယ်။ စိတ် ဓာတ်လဲကျနေပါပြီ။
သင်္ဘောနဲ့ပတ်သက်တဲ့ သင်တန်းတက်နေရလို့ အခြားဘာအလုပ်မှလဲ လုပ်လို့မရဘဲ ဖြစ် နေ ပါတယ်။
အဓိကကတော့ ရေကြောင်းတက္ကသိုလ်ဆင်းတွေ ကောလိပ်ဆင်းတွေကို ပိုဦးစားပေးခန့်ပါတယ်” ဟုသင်္ဘော
သားဖြစ်ချင်သူ မောင်လင်းသန့်က ပြောသည်။

ယနေ့မြန်မာနိုင်ငံတွင် နိုင်ငံခြားသင်္ဘောလိုင်းများ
တွင် လုပ်ကိုင်နေသော သင်္ဘောသားများ၏ လုပ်အားခပျမ်း မျှတစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၄၀ ရရှိပြီး နိုင်ငံတော်ကို အကျိုးပြုလျက်ရှိ ကြောင်း သိရ သည်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here