Sunday, September 16, 2012

မူးယစ်ဆေးဝါး တိုက်ဖျက်ရန် ပျက်ကွက်သည့် စာရင်းတွင် မြန် မာပါဝင်

0 comments
အမေရိကန်က သတ်မှတ်ထားတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ ပျက်ကွက်နေသေးတဲ့ နာမည်ပျက်
နိုင်ငံစာရင်းထဲမှာ မြန်မာ၊ ဗင်နီဇွဲလားနဲ့ ဘိုလီးဗီးယား
နိုင်ငံတို့ကို ဆက်လက် ထည့်သွင်းထားကြောင်း အမေရိကန် အစိုးရက မနေ့က ကြေညာလိုက် ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်ကတည်းက မူးယစ်
ဆေးဝါး နာမည်ပျက် နိုင်ငံစာရင်းမှာ ပါဝင်ခဲ့တဲ့
မြန် မာနိုင်ငံဟာ ဒီနှစ်ထဲမှာ တရားမဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွေကို ထူးထူးခြားခြား ရှေ့တိုးလုပ်
aဆာင် လာတာကို မိမိတို့ အစိုးရက သတိပြုမိကြောင်း
သမ္မတ အိုဘားမားက မှတ်ချက်ပေး ပြောဆိုပါတယ်။

မြန်မာနိုင်ငံကို အခုထက်ထိ နာမည်ပျက် နိုင်ငံစာရင်းက မဖယ်ရှားသေးတာဟာ လက်တွေ့မှာ မြန် မာနိုင်ငံ
တွင်း မူးယစ်ဆေးဝါးတွေ ဆက်လက်ထွက်ရှိနေတာကြောင့် ဖြစ်တယ်လို့ ရှမ်းပြည်နယ် မူးယစ်ဆေးဝါး
စောင့်ကြည့်အဖွဲ့က ဦးခွန်ဆိုင်းက RFA မှာ ပြောပါတယ်။
"ပြီးခဲ့ ၂ နှစ်ကဆိုရင် အများကြီးမကောင်းဘူး။ သို့သော်လည်းပဲ ၂၀၁၁-၂၀၁၂ ရာသီက အများကြီး
ကောင်းလာတယ်။ ဒီရာသီဥတုက ကောင်းတဲ့အတွက်ကြောင့်မို့လို့ ဘိန်းအထွက်လည်း တိုးလာတယ်"
မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေကို တာဝန်ရှိတာနဲ့အညီ လုပ်ဆောင်နိုင်ခြင်း မရှိသေးပေမယ့် ဘိန်းခင်းတွေ ပပျောက်ရေး အတွက် ကတိပြုဆောင်ရွက်တာတွေကို အားတက်ဖွယ်
မြင်တွေ့ရကြောင်း၊ ဘိန်းစိုက်ခင်းတွေကို မနှစ်ကထက် ၃ ဆတိုးပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း ဒါ့အပြင် တိုးတက်
ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်နေတာလည်း မြင်ရကြောင်း သမ္မတ အိုဘားမားက ပြောဆို လိုက်ပါတယ်။

အလားတူ မနေ့က မြို့တော် ဘန်ကောက်မှာ စိတ်ကြွဆေးပြား Amphetamine အလုံးရေ ၃ သန်းခွဲ နီးပါး
aလာက် ဖမ်းဆီးမိလိုက်ပြီးတဲ့ အချိန်မှာ ထိုင်း ဒုတိယ၀န်ကြီးချုပ် Chalerm Yubamrung က မြန်မာ
နိုင်ငံကို ပြစ်တင် ဝေဖန်လိုက်တာပါ။

ဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါး တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၃ သိန်း ခွဲလောက် ရှိမယ်လို့ ခန့်မှန်းထား ပါတယ်။ အဲဒီ စိတ်ကြွဆေးပြားတွေကို မြန်မာနိုင်ငံ ၀ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ထုတ် လုပ်နေတာ
ဖြစ်ကြောင်း ပြောဆိုလိုက်သလို မြန်မာနိုင်ငံက မူးယစ်ဆေး ထုတ်လုပ်မှု တိုက်ဖျက်ပေးဖို့ တရုတ်အစိုးရ ကနေ
တဆင့် မြန်မာ အစိုးရကို ဖိအားပေးသွားမယ်လို့ ထိုင်း ဒုတိယ ၀န်ကြီးချုပ် Chalerm က ပြောလိုက်ပါတယ်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here