Thursday, September 20, 2012

""ထောင်ပို့ခံရ ""

0 comments


ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင်ဆယ်ကျော်သက်လူနာအမျိုးသမီးငယ်တဦးအားမုဒိမ်းကျင့်ကျူးလွန်သူသမားတော် တစ်ဦးမှာ ထောင်ဒဏ် ချမှတ်ခံရသည်ဟု သတင်းရရှိသည်။ ထောင်ပို့ခံရသော အဆိုပါ သမားတော်ကြီးမှာ ဒက္ကာမြို့ တောင်ပိုင်း ဘောရီးရှားမြို့နယ်မှ ဖြစ်သည်ဟု ဆိုသည်။

ဘောရီးရှားမြို့နယ် ကိုဝါတိုလီရဲဌာနမှ အရာရှိတဦးဖြစ်သူSharduzzamanက“သူမခင်ပွန်းအာလန်ချို(ခ်)ဒါ  
ကအဲဒီအမှုကိစ္စနဲ့တနင်္လာ နေ့ညကအမျိုးသမီးနဲ့ ကလေးငယ်များအပေါ် ကာကွယ်တဲ့ ဥပဒေကို ကျူးလွန်တဲ့ ပုဒ်မှ (၁၀)နဲ့အမှုဖွင့်ထားပါတယ်”ဟု ဆိုသည်။
Jahangir Alam Seimသည် ဘောရီးရှားမြို့ လူနာခွဲစိတ်ကုသာသည့် ဆေးရုံ၌ သမားတော် တဦးဖြစ်သလို ၄င်းဆေးရုံနှင့် ဆေးခန်းပိုင်ရှင် တဦးလည်း ဖြစ်သည်ဟု သိရသည်။
လူနာဆေးရုံ၌ခွဲစိတ်ကုသရင်းသမားတော်Jahangirဆီမုဒိမ်းပြုကျင့်ခြင်းခံရသည့်အမျိုးသမီးမှာအသက်(၁၈) သာရှိပြီးအိမ်ထောင်သစ်ပြုထားသည့်Chokder၏ဇနီး ဖြစ်သည်ဟုဆိုသည်။အဆိုပါအမျိုးသမီးအား စက်တင် ဘာ ၁၂ရက်နေ့က အူအတက်ရောက်၍ ခွဲစိတ်ကုသရန် ဆေးရုံတင်ထားသူ ဖြစ်သည် တနင်္လာနေ့က သူမ အား သမားတော်၏ အခန်းထဲ၌ မုဒိမ်ပြုကျင့်သည့်နေ့တွင် ရုံးဝန်ထမ်းများ လာရောက်ခြင်းမရှိဟု ခင်ပွန်းဖြစ် သူကပြောသည်။ အဆိုပါအခန်း ထဲမှ ငိုယိုသံကြားပြီးမှ အနီးအနားရှိ လူတွေသွားရောက်ပြီး ကယ်ထုတ်နိုင်ခဲ့ သည်ဟု သိရသည်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here