
ထောင်ချခံရတဲ့ သံဃာ ၂၂ ပါး ဟာမနေ့  က မြန်မာ
အစိုးရ ရဲ့  လွတ်ငြိမ်းချမ်းသာခွင့် ကြောင့် ပြန်လွတ်လာ တဲ့ အကျဉ်းသား ၅၁၄ဦး ထဲ မှာ ပါဝင် ပြီး ဒီနေ့ မှာ တော့
သူတို့  ဟာ မန္တလေး က ဆရာ တော် ဦးဝီရသူ ကျောင်းမှာ
သင်္ဃန်း ပြန်စည်းတယ် လို့  FNG က သတင်း ရရှိ ပါတယ်။
ဒီသတင်း နဲ့  ပတ်သက် ပြီး မန္တလေး က စာနယ်ဇင်း ဆရာ တစ်ဦးက ” သံဃာ ၂၂ ပါးစလုံး မန္တလေးထောင် က
ပြန်လွတ်လာ တာ လေ ၊ ညနေ မှာ ပြန်ပြီး သိက္ခာ ထပ်တယ်။
ပြီးတော့ မှ ရပ် ရွာ ကိုပြန်ကြွ မယ် ထင်တယ် ” လို့  ပြောပါတယ်။
မျိုးဆက် သစ် လူငယ် များ အဖွဲ့  Generation Wave အဖွဲ့  က တစ်ဦး တည်း ကျန် ရှိ နေ တဲ့ ပဲခူး ထောင်က
ဇင်မင်းအောင် လည်း ပြန်လည် လွတ်မြောက်လာ ပြီး ၊ ၁၉၉၈ ခုနှစ် မေ လ ကတည်း က ဖမ်းဆီးခံထား
ရတဲ့ ဦးရွှေထူး လည်း တောင်ကြီး အကျဉ်းထောင် က ပြန်လည် လွတ်မြောက် လာခဲ့ ပါတယ်။
မန္တလေး အကျဉ်းထောင် က အများ ဆုံး လွတ်မြောက် လာ တာ ဖြစ် ပြီး နိုင်ငံ ရေး အကျဉ်းသားပေါင်း ၄၇ ဦး
လွတ်မြောက် ကာ ၊ သယာဝတီ ၊ အင်းစိန် နဲ့  တောင်ငူ အကျဉ်းထောင် က အကျဉ်းသား တွေ လည်း
ပြန်လည် လွတ်မြောက် ခဲ့ပါတယ်။ ပြန်လွတ်လာတဲ့ နိုင်ငံ ရေး အကျဉ်းသား၉၀ ကျော် ရှိ တယ်လို့  နိုင်ငံရေး
အကျဉ်းသား ဟောင်းများ ကွန်ယက် အဖွဲ့  က ပြောပါတယ်။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စု ကြည် ရဲ့  အမေရိကန် ခရီးစဉ် စတင် တဲ့ နေ့ မှာ ပဲ နိုင်ငံရေး
ကျန် ရှိ နိုင်ငံ ရေး အကျဉ်းသား တွေ ကို အကျဉ်းထောင် ထဲ က ပြန်လည် လွှတ်ပေး လိုက်တာ ဖြစ်ပေမယ့်
လူ့ အခွင့် အရေး ကာကွယ် မြှင့် တင်ရေး အဖွဲ့ က ဦးမြင့်အေး တို့  အပါအ၀င် ရာနဲ့  ချီကျန်ရှိ နိုင်သေးတယ်လို့ 
နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်ဦး ဖြစ်သူ ကိုအောင်မြတ် ကပြောပါတယ်။
မြန်မာ အစိုးရ ဟာ ၂၀၁၂ ခုနှစ် နှစ်ဆန်း ကတည်း က စ ပြီး ကိုမင်းကို နိုင် ၊ ကိုကိုကြီး တို့  လို ထင်ရှားတဲ့ နိုင်ငံ
ရေး အကျဉ်းသား တွေ ကို ရာ နဲ့  ချီ ပြန်လွှတ် ခဲ့ ရာ မှာ အရင် က ထောင် နဲ့  ချီ ဖမ်းထား တဲ့နိုင်ငံ ရေး
အကျဉ်းသား တွေ ဟာ ရာ ဂဏန်း လောက် ပဲ ရှိ တော့ တယ် လို့  နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့  က ပြော
ပါတယ်။