
နိုင်ငံရေးပါတီခေါင်းဆောင်တွေ လူထုအခြေပြု အဖွဲ့ အစည်းတွေ ပါဝင်တဲ့ တိုင်းရင်းသားလူမျိုးများ ညီ လာခံဟာ စက်တင်ဘာ ၁၆ ရက်နေ့က ပြီးဆုံးသွား ပါတယ်။
ဒီညီလာခံကနေ တိုင်းရင်းသား လူမျိုးတွေရဲ့ ငြိမ်း ချမ်း ရေးဆိုင်ရာ နိုင်ငံရေး လုပ်ငန်းစဉ် ၆ ချက်ပါ လမ်းပြ မြေ ပုံနဲ့ အဆင့် ၃ဆင့်ပါ ငြိမ်းချမ်းရေး လုပ်ငန်း
စဉ်တွေကို ထုတ်ပြန် လိုက်ပါ တယ်။
လက်ရှိအစိုးရက အချက် ၈ ချက်ပါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရေးဆွဲ ထားတာရှိပေမယ့် ညှိနှိုင်းမှုတွေ လုပ်ဖို့ လိုတာကြောင့် ဒီတိုင်းရင်းသား ညီလာခံကနေ လမ်းပြမြေပုံ ၆ ချက်ထုတ်ပြန်လိုက်တာဖြစ်ကြောင်း တိုင်းရင်း
သားလူမျိုးများ ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့ WGEC အဖွဲ့ဝင် ဦးခွန်ဥက္ကာ က အခုလို ပြော ဆိုပါတယ်။
"သမ္မတကြီး ဦးသိန်းစိန်ရဲ့ တရားဝင် နိုင်ငံတော် ပြန်တမ်းနဲ့ ထုတ်ပြန်တဲ့ ဒီ အချက် ၈ ချက်က ကျနော် တို့ ဖက်က ကြည့်ရင် ကျနော်တို့နဲ့ တိုင်ပင်ဆွေးနွေးတာလည်း မပါဘူး၊ နောက်ပြီးတော့ တော့ပ်ဒေါင်း ပေါ့ ဗျာ။ အထက်
ကနေ အောက်ကို ချပေးတဲ့ ကိစ္စဖြစ်နေတော့ ကျနော်တို့ရဲ့ လိုလားချက်နဲ့ တူညီမှု မရှိတာ တွေ့ရ တဲ့အခါကျ
တာ့ အဲ့ဒီ ၈ ချက် အတိုင်း ကျနော်တို့က လိုက်နာလုပ်ဆောင်လို့ မဖြစ်ဘူး၊ ညှိနှိုင်းဖို့ လိုတယ်၊ ဒါကြောင့် ကျနော်တို့ရဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဖက်က လမ်းပြမြေပုံပဲ ခေါ်ခေါ်ပေါ့ ကျနော်တို့မှာ လည်း ၆ ချက် ရှိပါတယ်။ သမ္မတ ကြီး ၈ချက်ကိုလည်း ကျနော်တို့ ဆွေးနွေးမယ်၊ ကျနော်တို့ ၆ ချက်ကို လည်း ဆွေးနွေးပါ။ အပြန်အလှန် ညှိတာနဲ့ ပေါ်လတီကယ် ဒိုင်ယာလော့ လို့ခေါ်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲရဲ့ အစပျိုးတဲ့ ခြေလှမ်း ဖြစ်
သွားမယ် ဆိုပြီးတော့ ဒါ ဒီ ညီလာခံကနေပြီးတော့ ညွှန်ကြားတာပေါ့ဗျာ။"
လမ်းပြမြေပုံ အချက် ၆ ချက် မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ အမျိုးသ မီး
နဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ ဆွေးနွေးပြီး “နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာမူဘောင်” (Framework for Political Dialogue) မှာ ပါဝင်မယ့်အချက်အလက်တွေ ချမှတ်ဖို့၊ ပြည်ထောင်စုအစိုးရကိုယ်စားလှယ်တွေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ စုစည်းထားတဲ့ ကိုယ်စားလှယ်တွေ နှစ်ဖက်လက်ခံနိုင် တဲ့ နေရာမှာ တွေ့ ဆုံဆွေးနွေးပြီး “တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူဘောင် သဘောထား” (The Framework of Political Dialogue) သဘောတူညီချက် ရရှိဖို့ ပါဝင်ပါတယ်။
ဒီလို သဘောတူညီမှု ရရှိ ပြီးရင် တိုင်းရင်းသားအင်အားစုတွေ၊ ဒီမိုကရေစီနည်းအရ လှုပ်ရှားနေကြတဲ့ နိုင်ငံရေး
အင်အားစုတွေနဲ့ အစိုးရ အဖွဲ့တို့က ကိုယ်စားလှယ်တွေ အသီးသီး အချိုးကျပါဝင်ပြီး ပင်လုံ စိတ်ဓါတ်ကို အခြေခံတဲ့ ပြည်ထောင်စုညီလာခံတရပ် ကျင်းပပြီး တိုင်းရင်းသားလူမျိုးများဆိုင် ရာ ပြည်ထောင်စုသဘော တူ
ညီချက် (Union Accord) ကို အချိန်အတိအကျသတ်မှတ် အကောင်အထည်ဖော် သွားဖို့ စတဲ့ အချက်
တွေ ပါဝင်ပါတယ်။
ဒီအချက် ၆ ချက်ပါ လုပ်ငန်းစဉ်တွေကိုတော့ အစိုးရက ခေါ်ယူကျင်းပမယ့် ပင်လုံကဲ့သို့သော ညီလာခံ စတင် ချိန်
ကနေ သဘောတူညီမှုတွေရရှိချိန် အထိ ၃ နှစ်လောက် အချိန်ယူ ဆောင်ရွက်မှသာ ပြေလည်မှု ရနိုင်မှာ
ဖြစ်တယ်လို့ ဦးခွန်ဥက္ကာ က ဆက်ပြောပါတယ်။
"ကျနော်တို့ အကယ်၍သာ အကြိုညှိနှိုင်းထဲကနေပြီးတော့ နိဂုံးချုပ်တဲ့အထိ ကျနော်တို့ ဆက်တိုက်အချိုးကျပေါ့။
ကျနော်တို့ရဲ့ decision making မှာ ပါသွားလို့ရှိရင်တော့ တစ်ပြည်လုံး အတိုင်းအတာဆောင် တဲ့ နေ ရှင်နယ် အကော့ ပဲခေါ်ခေါ် ယူနီယမ်အကော့ ပဲခေါ်ခေါ် အဲ့ဒါကို ရလိုချင်တယ်၊ အနည်းဆုံးတော့ လုပ်ငန်း အချိန်ကာလ သုံးနှစ်လောက်တော့ ကျနော်တို့ မှန်းတယ် သုံးနှစ်မှာ ပင်လုံကဲ့သို့ ညီလာခံ ဘယ် အချိန်က စစ ချက်ချင်း ပြီးမှာမဟုတ်ဘူး။ နိုင်ငံတကာ အတွေ့အကြုံအရဆိုရင်တော့ ဆွေးနွေး ညှိနှိုင်း သွားတာ ညီလာခံ ကိုယ်နှိုက်က သုံးနှစ်လောက် ကြာနိုင်တယ်လို့ ကျနော်ထင်တယ်။ အဲ့ဒီလောက်မှ ကြေ လည်ပြီးတော့ အဖြေတစ်ခုခုလေး ရပြီးတော့ အတူတူ နေနိုင်မည့်နည်းလမ်း အဲ့ဒီမှာ ပေါ်မယ်လို့ ကျနော်တို့ ထင်တယ်။ ဒါကြောင့် အခု ကျနော်တို့
က စပြီးတော့ ကြိုးစားမှာပဲ။"
ဒီညီလာခံက ရေးဆွဲထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်သုံးဆင့် မှာတော့ တိုင်းရင်းသားဒေသတွေမှာ အစိုးရတပ်တွေရဲ့ ထိုးစစ်ဆင်မှုတွေ ချက်ခြင်းရပ်တန့်ပြီး နှစ်ဖက် တပ်တွေ လိုက်နာရမယ့် ကျင့်ဝတ်
Military Code of Conduct ကို ပြဌာန်းလုပ်ဆောင်ရေး၊ အပတ်အခတ်ရပ်စဲစဉ် ကာလမှာ ပြည်သူလူထုရဲ့ လုံခြုံရေး၊ လူ့အခွင့်အရေးတွေကို အာမခံချက် ပေးရေး၊ လွတ်တော်ပြင်ပမှာ နိုင်ငံရေးအရ တွေ့ဆုံ
ဆွေးနွေး ဖြေရှင်းဖို့ အာမခံချက်ပါတဲ့ သဘောတူညီချက်ရရှိရေး တို့ပါဝင်ပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့ ပါဝင်စောင့်ကြည့်ခွင့်ပြု ဖို့၊
မြေယာ အပါအ၀င် သဘာဝရင်းမြစ် အသုံးပြုလုပ်ကိုင်နေတဲ့ စီမံကိန်းတွေ ရပ်တန့်ရေး တားမြစ်ဖို့ ကိစ္စ
တွေ ဆွေးနွေးပြီး ပဏာမ သဘောတူညီချက်တွေ အကောင်အထည်ဖော်သွားဖို့ စတာတွေလည်း ပါဝင်ပါတယ်။
ဒီညီလာခံမှာ ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင် က အမျိုးသား တန်းတူမှု၊ နဲ့ ပတ်သက်တဲ့ စာတမ်း၊ ဆရာမ
ဒေါ်မြရာဇာလင်း က Gender Equality ၊ နဲ့ ပတ်သက်သော စာတမ်း၊ ဒေါက်တာ ရွှေခါး က လူနည်းစု အခွင့်အရေး Minority Rights ၊ ဆိုင်ရာ စာတမ်း၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က စစ်တပ်ရေးရာ စတာတွေနဲ့သက် ဆိုင်တဲ့ စာတမ်းတွေ တင်ပြခဲ့ပြီး ဒီစာတမ်းတွေကို နောက်ညီလာခံမှာ အတည်ပြုနိုင်ဖို့ ဆက်လုပ်ဆောင် သွားမယ်လို့ သိရပါတယ်။
ဒီညီလာခံက ချမှတ်ခဲ့တဲ့ လုပ်ငန်းစဉ်တွေကို အသစ်ပြန်လည်ဖွဲ့စည်းတဲ့ တိုင်းရင်းသားပူးပေါင်းဆောင် ရွက်ရေး
အဖွဲ့က (Working Group for Ethnic Co-Cordination) တာဝန်ယူလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။