Friday, September 28, 2012

မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှု မလုပ်ပါနဲ့ ~ ဟီလာရီကလင်တန်

0 comments

မြောက်ကိုရီးယားအစိုးရကဖွင့်ထားတယ်လို့ ယူဆရတဲ့ ရန်ကုန်က စားသောက်ဆိုင်တခု
 

 မြန်မာပြည်ရဲ့ မြေမြှုပ်မိုင်း ရှင်းလင်းရေးနဲ့  တိုင်းရင်းသားရေးရာ ပြဿနာများအတွက် အကူအညီတွေ၊ လူသားချင်းစာနာမှုအထောက်အပံ့တွေ ပေးမယ်လို့အမေရိကန် နိုင်ငံခြားရေးဝန်ကြီး   ဟီလာရီ ကလင်တန်ကကမ်းလှမ်းလိုက်ပြီး မြောက်ကိုရီးယားနဲ့စစ်ရေးဆိုင်ရာဆက်နွယ်မှုမှန်သမျှကို ဖြတ်တောက်
ပစ်ရမယ်လို့လည်း ပြောလိုက်ပါတယ်။

မနေ့က နယူးယောက်မှာ သမ္မတ ဦးသိန်းစိန်နဲ့  တွေ့ဆုံစဉ် ၀န်ကြီးကလင်တန် ပြောလိုက်တာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်သုံးသပ်ကြသလို ဆက်ဆံရေးတိုးချဲ့ဖို့အစီအစဉ်တွေလည်း   ဆွေးနွေးဖြစ်ကြတယ်လို့ အမေရိကန်အရာရှိတယောက်က ဆိုပါတယ်။ ဒါက ဒီခေါင်းဆောင် ၂ ယောက်  ကြား တတိယအကြိမ်မြောက် တွေ့ဆုံခြင်းပါ။

မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှု မလုပ်ဖို့ ၀န်ကြီးကလင်တန်ရဲ့ သဘောထားနဲ့ ပတ်သက်လို့ သမ္မတဦးသိန်းစိန်ကလည်း တော်တော်လေး သဘောတူပုံရတယ်လို့ သိရပါတယ်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here