Thursday, September 13, 2012

မြောက်ပိုင်းကိစ္စက သေးသေးလေးပါ။

0 comments

နိုင်အောင် က ဧ၇ာဝတီ အယ်ဒီတာချုပ် ကိုအောင်ဇော်ကို
ဝယ်လိုက်သည်ဟု သတင်းထွက်

အသဲတွေယားစရာကြီး












အောင်ဇော် (ဧရာဝတီ) ၁၀-၉-၂၀၁၂ ရက်နေ့ မနက်၁၀ နာရီ က မြောက်ပိုင်းကျောင်းသားများ လူသတ်ပွဲတွင် ကျဆုံးခဲ့သော ကိုထွန်းအောင်ကျော်၏ အစ်မဝမ်းကွဲ၊ ကျဆုံးရဲဘော် ကိုချိုကြီး၏ ညီမအရင်းဖြစ်သူ
မသင်းသင်းနဲ့ မချောအိဖြူ တို့ဟာအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်ကို ရောက်ခဲ့ပါတယ်။

မသင်းသင်းက အခွင့်အရေးများ ရရင် ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ပြီး မြောက်ပိုင်းကိစ္စတွေကို တင်ပြဖို့ရှိလို့ပါ။ အဲဒီမှာ ရုံးခန်း အပြင်ဘက်မှာ မသင်းသင်းတို့ စောင့်နေတုန်း ဧရာဝတီ သတင်းဌါနက အောင်ဇော် ရောက်လာ
ပါတယ်။အဲဒီမှာ မသင်းသင်းက ခင်ဗျားတို့ မီဒီယာတွေ အပေါ်မှာ ဒေါက်တာ နိုင်အောင်ရဲ့ သြဇာလွမ်းမိုးမှု ရှိသေး
လားလို့ မေးတော့ သူက မေးတဲ့မေးခွန်းအပေါ်မှာ အတော်ကိုအံ့သြပြီး နားမလည်တဲ့ ဘာသာစကားတခုနဲ့ အမေးခံလိုက်ရတဲ့ မျက်နှာအမူအရာမျိုး လုပ်ပြပါတယ်။ ဒါနဲ့ ဘေးကပါလာတဲ့ မချောအိဖြူက သူကမြောက်ပိုင်း
မှာ အသတ်ခံခဲ့ရတဲ့ ကိုထွန်းအောင်ကျော်ရဲ့ အစ်မပါလို့ ပြောတော့ ဧရာဝတီ သတင်းဌါနက ပုဂ္ဂိုလ်က အခုလိုတုန့်ပြန်ပါတယ်။

မြောက်ပိုင်းကိစ္စက သေးသေးလေးပါတဲ့၊ ၈၈ မှာရော ၂၀၀ရ မှာ ရောလူတွေ သေခဲ့တာ အများကြီးပါတဲ့၊
နောက်ပြောသေးတယ်၊ ဒီသတင်းကို သူက အစောဆုံး ၁၉၉၆ က စခဲ့တာပါတဲ့၊ ဒီစကားတွေကို မလေးမစားနဲ့ ပီကေ တဝါးဝါး နဲ့ပြောခဲ့တာပါ။ ဒီလို အပြောခံရတော့ မသင်းသင်းက သူ့ကို လုံးဝဥပက္ခာပြုပြီး စကားပြန်
မပြောတော့ပါဘူး။ အဲဒီမှာ သူက မြောက်ပိုင်းကိစ္စနဲ့ အမေစုကို လာတွေ့တာလားလို့ မေးတော့ ဆောရီးပါလို့
ပြောပြီး အပြင်ထွက်လာခဲ့ပါတယ်။

ဒီမိုဖက်တီး

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here