Friday, September 28, 2012

ကျုံပျော်မြို့ နယ် ရှားခဲရွာေ န ဒေသခံတစ် ဦးအား ၀ိုင်းဝန်းရိုက်နှက် မှုကြောင့် လမ်းပေါ် ထွက် ဆန္ဒပြမှုဖြစ်ပွားခဲ့ကာ ရဲတပ်ဖွဲ့ဝင်များမှ ပစ်ခတ်တားမြစ်ခဲ့သဖြင့် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

0 comments
စက်တင်ဘာလ ၂၇ ရက်နေ့ 
ည ၇ နာရီ ၂၀မိနစ်ခန့်က  ရှားခဲရွာ ဆားကင်ချောင်လမ်းနေ ကိုတလုပ်သည် ရှာခဲကြီး၊
ရှားခဲလေးအင်းအနီး မိသားစုဝင်များဆီအသွား ၀ိုင်းဝိုင်းလည်ဝါးကုန်ထုတ်သမ အသင်းဘက်မှ လူ ၂၀ ခန့်သည် ၀ိုင်းဝန်းရိုက်နှက်ကာ ဓားဖြင့်ထိုးရာ ဒဏ်ရာရရှိခဲ့ပြီး မိသားစုဝင်များမှ ဟင်္သာတဆေးရုံသို့ တင်ပို့ရန်အသွားတွင် နိဗ္ဗာန်ကျေးရွာအနီးတွင် သေဆုံးသွားကြောင်း သိရသည်။
 

အဆိုပါဖြစ်စဉ်အပေါ် ဒေသခံများကမကျေနပ်၍ လမ်းပေါ်ထွက်ကာ စက်တင်ဘာလ၂၇ ရက်နေ့ ည ၉ နာရီ ၀န်းကျင်ခန့်တွင် ကျုံပျော်မြို့နယ် ရှားခဲအထွက်တိုးရုံးရှေ့သို့ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်သည် ကား သုံးစီးဖြင့် ရောက်ရှိလာပြီး ဆက်မသွားရန်တားမြစ်ခဲ့သော်လည်း ဆက်လက်ထွက်ခွာခဲ့သဖြင့် ပထမဦးစွာ မိုးပေါ်သို့ သေနတ်တစ်ချက်ပစ်ခတ်ခဲ့ပြီး စုစုပေါင်းရှစ်ချက်ခန့်ပစ်ခတ်ခဲ့ကြောင်း၊ ဒေသခံနှစ်ဦး
 သေဆုံးကာ နှစ်ဦးမှာ သေနတ်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ကိုကတုံးခေါ် ကြည်သိန်းကွင်းကောက်ရွာ ကျုံပျော်မြို့နယ်နေထိုင်သူမှာ သေနတ် ထိမှန်ပြီး နေရာတွင်ပင် သေဆုံးသွားကြောင်း၊ ကျော်ဆန်းဝေ ကွင်းမရွာ၊ ကျုံပျော်မြို့နယ် နေထိုင်သူမှာ နဖူးတွင် သေနတ်ဒဏ်ရာရရှိပြီးကျုံပျော်ဆေးရုံသို့ ပို့ဆောင်ကာ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပုသိမ်ဆေးရုံသို့ဆက်လက်ပို့ဆောင်ခဲ့ကြောင်း၊ ကိုကျော်ဆန်းဝေသည်၂၈ရက်နေ့နံနက် ၁၁နာရီတွင်

ပုသိမ်  ဆေးရုံ၌ သေဆုံးသွား ခဲ့ကြောင်း၊ ကျော်ဇင်သန်းမြို့ကုန်းရွာ၊ ကျုံပျော်မြို့နယ် နေထိုင်သူ
မှာ လက်မောင်းတွင်ဒဏ်ရာရရှိခဲ့ပြီး ပုသိမ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ကိုဝင်းသန်းရှားခဲကျေးရွာ၊ ဘုရားကြီးလမ်းနေထိုင်သူမှာ ရင်အုံနှင့် လည်ပင်းတွင် သေနတ်ဒဏ်ရာ ရရှိပြီးကျုံပျော်ဆေးရုံမှ
 တစ်ဆင့်  စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပုသိမ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဟင်္သာတခရိုင်မှူးနှင့် ကျုံပျော်မြို့နယ်မှူးတို့အား ရှားခဲဈေးရှေ့ တွင်လုံခြုံရေး   ဆောင်ရွက်နေစဉ် မေးမြန်းခဲ့ရာဟင်္သာတခရိုင်မှူးကလောလောဆယ်တွင် ဖြေကြားပိုင်ခွင့်   မရှိသေး   ကြောင်း ပြောကြားခဲ့သည်။စက်တင်ဘာလ၂၈နံနက်ပိုင်းတွင်ကျုံပျော်မြို့နယ်ရှားခဲကျေးရွာတွင် ပြည်သူများ
ရပ်ရွာတွင် အေးချမ်းစွာနေထိုင်ရန်နှင့် သက်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံကြောင်း တာဝန်ရှိသူများက အသံချဲ့စက်များဖြင့် လိုက်လံကြေညာကြောင်း သိရှိရသည်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here