ပေါ်လစီကြာင့် အိမ်ထောင်သည် အများစု ကလေးယူရာ
တွင် ယောက်ျားလေးသာ အယူများ နေခြင်းကြောင့်
တရုတ်ပြည်တွင် သတို့သမီးသန်း(၂ဝဝ) ဝန်းကျင်လိုအပ်
လျှက်ရှိနေသည်။
တရုတ်အစိုးရအနေဖြင့် လူကုန်ကူးမှု လမ်းကြောင်း
အား အနည်းငယ် ဖွင့်ပေးထားပေးပြီး တရုတ်ပြည်သို့ လူကုန်ကူး ခံရသူ အရေအတွက် များပြားနေခြင်း
ရခြင်းဖြစ်သည်ဟု မြန်မာအမျိုးသမီး အခွင့်အရေး လှုပ်ရှားနေသူ ဒေါ်စူစန်နာ လှလှစိုးက ပြောသည်။
အိမ်နီးချင်းနိုင်ငံများမှ အမျိုးသမီးများ လူကုန်ကူးခံနေရမှု ပိုများလာနိုင်ကြောင်းနှင့် မြန်မာနိုင်ငံသူနိုင်ငံ သား များ၏ လုံခြုံရေးကို မိမိတို့ ကိုယ်တိုင်ထိန်းသိမ်းရန် အရေးကြီးလာကြောင်း သတိပေး ပြောပါသည်။
လူကုန်ကူးမှုတွင်ပုံစံခုနစ်မျိုးရှိရာအများဆုံးဖြစ်ပွားနေသည့်ပုံစံမှာအဓမ္မထိမ်းမြား လက်ထပ်ခြင်းဖြစ်ပြီး၊ လိင်လုပ်
သားအဖြစ် အလုပ်ခံရမှုနှင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများမှာ နောက်ဆက်တွဲပြဿနာများ အဖြစ် ရှိနေ
ကြောင်း သိရသည်။
''ဒီလို အမျိုးသမီးတွေ လူကုန်ကူးခံနေရတာနဲ့ပတ်သက်ပြီး ပညာပေးတွေ အခုထက်ပို ပြီး လုပ်ဆောင်သင့် တယ်၊ ရန်ကုန်တင်မကဘူး နယ်တွေဘက်ကိုလည်းလုပ်ရမယ်၊ အစိုးရပိုင်းအနေနဲ့လည်းနယ်စပ်တွေ မှာသေချာ စိစစ်ပြီးအလုပ်နဲ့သွားတာလား၊ လူကုန်ကူးခံရသူအဖြစ်နဲ့သွားတာလားဆို တာတွေသေချာ စိစစ်သင့်တယ်''ဟု
ဒီချုပ် ပါတီမှပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။
တရုတ်ပြည်သို့ လူကုန်ကူးခံရသူများအား နေရပ်သို့ ပြန်လည်နေရာချ ထားပေးနိုင်သူအရေအတွက်မှာ ၂ဝ၁၂
ခုနှစ် မေလအထိ (၇၈ဝ)ဦးရှိခဲ့ပြီး၊ ထိုင်းနိုင်ငံမှ (၄၈၃)ဦးနှင့်အင်ဒိုနီးရှားနိုင်ငံမှ (၁၆)ဦး ရှိကြောင်း သိရှိ
ရသည်။ လူကုန်ကူး ခံရသူများတွင် ၈၅ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်သကဲ့သို့ လူကုန်ကူး မှုတရားခံများ
တွင်လည်း အမျိုးသမီးများမှာ (၆၅)ရာခိုင်နှုန်း ရှိကြောင်း လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟို
၏ စစ်တမ်းများ အရ သိရသည်။