Friday, September 7, 2012

မန္တလေး-မြစ်ကြီးနား ရထားလမ်း၌ တပ်မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ရထားခရီးစဉ်များ ရပ်ဆိုင်း

0 comments
မန္တလေး-မြစ်ကြီးနား ရထားလမ်းတွင် တပ်မတော်နှင့်
ကေအိုင်အေတို့အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် မန္တလေးမြို့နှင့် မြစ်ကြီး နားမြို့အကြား ပြေးဆွဲသော ရထားခရီးစဉ်များ ရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိ
ပါသည်။၂၀၁၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့
ညနေ ၆ နာရီ ၃၅ မိနစ် ခန့်တွင် ကာလူနှင့် မော်ဟန်
အကြား မိုင် တိုင်အမှတ် ၆၂၂/၈၉ အကြား တွင်
ကေအိုင်အေနှင့် တပ်မတော်တို့အကြား ပစ်ခတ်မှု
များဖြစ်ပွားခဲ့ကြောင်း၊ သံတံတားအမှတ် ၅၅၅ တွင်
သံပေါင် သုံးပေပျက်စီးခဲ့ကာ သံလမ်း နှစ်ဖက် လေးပေခန့် ပျက်စီးခဲ့သည့် အတွက် ယင်းနေ့ ည ၇ နာရီခန့်မှစတင်၍ ရထားလမ်း အသွားအလာမရှိ ပိတ်လိုက်ကြောင်း
မြစ်ကြီးနားမြို့ တွင် ထုတ်ပြန်ချက် တစ်ရပ်အရ သိရှိရသည်။
“တိုက်ပွဲက မနေ့ညက ရထား လမ်းတစ်ဝိုက်မှာ ဖြစ်တယ်။ မော် ဟန်၊ ကာလူဘက်မှာ ဖြစ်တယ်။ မြစ်ကြီးနား နဲ့ဆို သိပ်ပြီး မဝေးတော့ဘူးပေါ့။ ရထားက မနေ့ညကစပြီး မလာတော့တာ”ဟု မြစ်ကြီးနားမြို့မှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောပြသည်။

“တိုက်ပွဲက ည ၁၀ နာရီကျော် လောက်မှာ ပစ်ခတ်သံတွေ စဲသွားတယ်။ သံတံတားတင် မကဘူး၊ ရေ ပေါက်တံတား လေးတစ်ခုပါ ပျက်သွားတယ်လို့ သိရပါတယ်”ဟု မြို့ခံတစ်ဦးက လည်း ပြောပြခဲ့သည်။ကချင်ပြည်နယ်တွင်း
တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများဖြစ် ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန်လက စတင်ခဲ့သည်။

တိုက်ပွဲများ စတင်ဖြစ်ပွားရာ ဒေသသည် ဗန်းမော်ခရိုင် မိုးမောက် မြို့နယ်တွင်ဖြစ်ပြီး မြစ်ကြီးနား၊ ၀ိုင်း မော်မြို့နယ်၊ ဖားကန့်မြို့နယ်များ သို့ပါ သက်ရောက်မှုများရှိလာခဲ့ သည်။ ၂၀၁၂ ခုနှစ် သြဂုတ်လကုန် ပိုင်းကလည်း ဖားကန့်မြို့နယ်အ တွင်း တပ်မတော်နှင့်ကေအိုင်အေ အကြား တိုက်ပွဲများဖြစ်ပွားမှုရှိခဲ့သည
်။

စိုက်ပျိုးရေးလုပ်ငန်းများ၊ နယ်စပ်ကုန်သွယ်ရေးနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းများ၊ အဓိကလုပ်ကိုင် ရာ ကချင်ပြည်နယ်အတွင်း တစ်ကျော့ပြန်တိုက်ပွဲများဖြစ်ပွားသည့်တစ်နှစ်ကျော်ကာလတွင်စီးပွားရေးပိုင်း နှောင့်
နှေးမှုများရှိခဲ့သည်။ ကချင်ပြည်နယ်အတွင်း နေရပ်ကျေးရွာများမှ တိမ်းရှောင်ကာ ဒုက္ခ သည်စခန်းများတွင် ခိုလှုံနေရသော ကချင်၊ ရှမ်းနှင့် အခြား တိုင်းရင်းသားဦးရေစုစုပေါင်းမှာ
တစ်သိန်း ၀န်းကျင် ရှိနေ
သည်ဟု လည်း သိရှိရ သည်။

“မြစ်ကြီးနားက ဗန်းမော်ဘက် ကလာတဲ့ကုန်ရယ်၊ မန္တလေးဘက်က ရထားနဲ့ လာတဲ့ကုန်ရယ် ဒီနှစ်မျိုးကို အားထား နေရတာ။ ဗန်းမော်ဘက် ကတော့ တရုတ်ကုန်တွေလာတယ်။ ရထားနဲ့တော့ အခြေခံစားသောက် ကုန်ပေါ့။ အခုလို ရထားလမ်းရပ်တော့ ကုန်စည်အ၀င်အထွက် တန့်သွားတယ်”ဟု မြစ်ကြီးနားမြို့ ခံတစ်ဦး က ပြောကြားခဲ့သည်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here