
အစု လိုက် အနှိပ်ပွဲတော်ကြီးသည် ဂင်းနစ်စံချိန်သစ် တင်နိုင်ခဲ့ကြောင်း ပွဲစီစဉ်သူများ က ပြောကြား
ခဲ့သည်။
အဆိုပါ အနှိပ် ပွဲတော်ကြီးတွင် လူပေါင်း ၁၂၈၂ ဦးခန့် ပါဝင်ပြီး ပွဲတော်ကို ထိုင်းအစိုးရက စီစဉ်ကျင်းပ ခဲ့ခြင်း ဖြစ်သည်။ ယခင်က ကမ္ဘာ့အကြီးဆုံး အဖြစ်
ဂင်းနစ်စံချိန်တင် နိုင်ခဲ့သည့် အနှိပ်ပွဲတော်ကြီးကို ၂ဝ၁ဝ ပြည့်နှစ် မတ်လက သြစတြေး လျ နိုင်ငံ ဒေး လက်စ်
ဖော့ထ်တွင် လူပေါင်း ၅၂၆ ဦးဖြင့် ကျင်းပခဲ့သည်။ အဆိုပါစံချိန်ကို ထိုင်းနိုင်ငံက ချိုးဖျက်နိုင် လိုက်ပြီ ဖြစ်သည်။
အနှိပ်ပွဲကြီးတွင် ပါဝင်ရသည်ကို အလွန် စိတ်လှုပ်ရှားကြောင်း၊ ထိုင်းလူမျိုးတို့၏ အနှိပ်ပညာကို ကမ္ဘာက အသိ အမှတ်ပြု စေလိုကြောင်း အသက် ၅ဝ နှစ်အရွယ်ရှိ အနှိပ်ပညာရှင် တစ်ဦးဖြစ်သူ ပင်ပရာပါ မီဒီဂျေက
ပြောကြားခဲ့သည်။
အဆိုပါ ပွဲတော်ကြီးအား ကျင်းပရသည့် ထိုင်းအစိုးရ၏ ရည်ရွယ်ချက်မှာ ရေကြီးမှုကြောင့် နိုင်ငံခြားသား ဧည့်သည် လာရောက်မှု လျော့ကျ သွားခြင်းကိုပြန်လည် တိုးမြှင့်ရန်နှင့် ထိုင်းနိုင်ငံသို့ ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်ရန် ဆွဲဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။