Thursday, September 13, 2012

ဝက်ခြံထွက်လာရင် မြန်မြန်ပျောက်အောင် ဘာလုပ်ပေးရမလဲ

0 comments

ဝက်ခြံထွက်လာရင်တော့ မြန်မြန်ပျောက်ကင်းသွားအောင် အောက်ပါနည်းများအတိုင်း ပြုလုပ်ပေး နိုင်ပါတယ်။

(၁) ရေနွေးနွေးလေးဖြင့် တစ်နေ့လျှင် ၂ကြိမ် မျက်နှာသစ်ပေးပါ။ ဝက်ခြံရှိနေပါက Mild Soap Made for People with Acne ဟု စာတန်းထိုးထားသော မျက်နှာသစ်ဆပ်ပြာ အပျော့စားဖြင့်လည်း သန့်စင်ပေး
နိုင်ပါတယ်။ မျက်နှာအရေပြားပေါ်မှာ ရေအနည်းငယ်ဖြင့် စက်ဝိုင်းပုံ ဖိ၍ဖိ၍ ညင်သာစွာ သန့်စင်ပေးပါ။
ထိုကဲ့သို့ ဆပ်ပြာ အမျိုးအစားများသည်လည်း လွန်ကျွံစွာသုံးစွဲမိပါက သင့် အရေပြားကို ကသိကအောက် ဖြစ်စေနိုင်ပါတယ်။

ထိုသို့သန့်စင်ပေးပြီးပါက မျက်နှာပေါ်ရှိ အဆီဓာတ်နဲ့ ဗက်တီးရီးယားပိုးတို့ ကင်းစင်သွားစေရန် အတွက် အမေရိကန် အရေပြား အကယ်ဒမီမှ တရားဝင်ခွင့်ပြုထားတဲ့ Benzoyl Peroxide ပါဝင်သောလိုးရှင်းကို လိမ်းပေးနိုင်ပါတယ်။ မျက်နှာအဆီပြန်ခြင်းနဲ့ ဗက်တီးရီးယားတို့ကို နည်းသွားစေပါတယ်။

(၂) နောက်တစ်ချက်ကတော့ မသန့်ရှင်းတဲ့ လက်ချောင်းလေးများနှင့် ဝက်ခြံကို ညှစ်ခြင်းဖြင့် အရေပြားထဲသို့ ဗက်တီးရီးယားပိုးများ ဝင်ရောက်သွားနိုင်ပါတယ်။ ပိုးဝင်ရောက်ခံရတဲ့အခါ အရေပြားနီရဲ ရောင်ရမ်းလာပြီး အလွန်နာကျင် ကိုက်ခဲစေတတ်ပါတယ်။ ပျောက်ကင်းသွားသော အခါမှာလည်း အမာရွတ် ထင်ကျန်ရစ်စေပါ
တယ်။ ထိုသို့ ခံစားရပါက ဆရာဝန်နှင့် အမြန်ပြသပြီး စနစ်တကျ ဆေးကုသမှု ခံယူရပါမယ်။ မဟုတ်ရင်တော့ ကျွန်မတို့ရဲ့မျက်နှာမှာ အမာရွတ်ထင်ကျန်ပြီး မလှနိုင်တော့ပါဘူး။

(၃) ဝက်ခြံဟာ မသန့်ရှင်းသောကြောင့်လည်း ပေါက်နိုင်ပါတယ်။ မည်သည့်အရာတွေက ကျွန်မတို့အား မသန့်မရှင်းဖြစ်စေရလဲဆိုရင်ဖြင့် ကျွန်မတို့နေ့စဉ်ထိတွေ့နေရတဲ့ တယ်လီဖုန်း လက်ကိုင်များ၊ ဟန်းဖုန်းများ၊ တယောထိုးသူဖြစ်ပါက မေးပေါ်တင်၍ တယောထိုးခြင်း များမှတဆင့် (ထိုပစ္စည်းများ သန့်ရှင်းအောင် မပြုလုပ်ထားခြင်းတို့ကြောင့်) ပိုးဝင်ရောက်ခံရကာ ဝက်ခြံ ထွက်စေနိုင်ပါတယ်။ ဒါကြောင့်လက်ကို ဆပ်ပြာနှင့်
သေချာစွာ ဆေးကြောထားခြင်းမရှိဘဲနဲ့ မျက်နှာကို မကိုင်ပါနဲ့လို့။ ဒါ့အပြင် မိတ်ကပ်၊ Moisturizer များ၊ ခရင်မ်များ မလိမ်းမီလည်း သင့်ရဲ့ လက်ချောင်းလေးများကို ဆပ်ပြာနဲ့သေချာစွာ ဆေးကြောပြီးမှလိမ်းပါ။ မိတ်ကပ်ရိုက်သည့် creampuff ၊ brush များကိုလည်း မကြာမကြာရေနဲ့ ဆေးကြောသန့်စင်ပေးဖို့ လိုအပ်ပါတယ်။

(၄) သင်ဟာ မျက်မှန်တပ်ရသူ ဆိုရင်လည်း သင့်ရဲ့ စာကြည့်မျက်မှန် (သို့မဟုတ်) နေကာမျက်မှန် တို့ကိုလည်း မကြာခဏ သန့်စင်ဆေးကြောပေး ရပါမယ်။ မျက်နှာအရေပြား အဆီပြန်ခြင်း ကြောင့်လည်း မွေးညင်း
ပေါက်တွေကို ပိတ်ဆို့စေပြီး ဝက်ခြံထွက်စေပါတယ်။ အထူးအဖြင့် မျက်လုံးနဲ့ နှာခေါင်းတစ်ဝိုက် မသန့်ရှင်းပါက ထိုနေရာတွေမှာ ဝက်ခြံထွက်လာပါတယ်။
(၅) တချို့သော သူတွေမှာဆိုရင်ဖြင့် မျက်နှာအပြင် နောက်ကျော၊ ရင်ဘတ်တို့ပါ ဝက်ခြံ ပေါက်တာကို
တွေ့ရတတ်ပါတယ်။ တချို့က အင်္ကျီကို ခန္ဓာကိုယ်နှင့်အတိ ကျပ်ကျပ်လေး ဝတ်ထားတဲ့အတွက်
အရေပြားခမျာ၊ အသက်တောင် ကောင်းကောင်းမရှု ရသလိုဖြစ်စေကာ အရေပြား ကသိကအောက်ဖြစ်စေ
ပါတယ်။ ထို့အတူ ခေါင်းစည်းပဝါများ၊ ခေါင်းစွပ်များ၊ ဦးထုပ်များ ကလည်း ချွေးစိုပြီး မွေးညင်းပေါက်
တွေမှာ ဖုန်မှုန့်တွေ အဆီတွေနဲ့ ပိတ်ဆို့သွားစေပါတယ်။ အဲဒီလို ညစ်ပတ်လာရင်လည်း နဖူး၊ လည်ကုတ်လို
နေရာတွေမှာ ဝက်ခြံ ထွက်တတ်ပါတယ်။

(၆) အပြင်ကနေ ပြန်လာပြီးတိုင်း ညမအိပ်ခင် မျက်နှာပေါ်က မိတ်ကပ်တွေကို Makeup Remover နဲ့ ဖျတ်ပါ။ မိတ်ကပ်ဝယ်တိုင်း Noncomedogenic (or) Nonacnegenic လို့ စာတန်းပါတဲ့ မိတ်ကပ်ကိုသာ ရွေးပါ။
မွေးညင်းပေါက်ကို မပိတ်စေသော သို့မဟုတ် ဝက်ခြံ မထွက်စေသော မိတ်ကပ်လို့ ဆိုလိုပါတယ်။ အဲဒီ့အတွက် ရလဒ်ကတော့ မွေးညင်းပေါက် ပိတ်ခြင်းကင်းသလို၊ ဝက်ခြံ ထွက်ခြင်းလည်း နည်းစေပါသတဲ့။ ။

Shwe Beauty မှ သိသမျှ ။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here