Tuesday, September 11, 2012

တိုင်းရင်းသားရေး ရာညီလာခံ ထိုင်းနိုင်ငံတွင် ကျင်းပမည်

0 comments
ပြည်ပရောက်တိုင်းရင်းသားတွေ ကျယ်ကျယ်ပြန့် ပြန့်  တက်ရောက်ဖို့ စီစဉ်ထားတဲ့ တိုင်းရင်းသားရေးရာ
ညီ လာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စက်တင်ဘာ ၁၄ ရက် ကနေ ၁၆ ရက်နေ့ထိ ၃ ရက်ဆက်တိုက် ကျင်းပမယ်လို့ 
ညီလာ ခံဖြစ်မြောက်ရေး စီစဉ်သူတဦး ဖြစ်တဲ့ ဦးခွန်ဥ က္ကာ
က ပြောပါတယ်။

အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တွေရော၊ အပစ်အခတ် မရပ်သေးတဲ့ အဖွဲ့ တွေရော၊ လက်နက်မကိုင်တဲ့ တိုင်းရင်းသားပါတီတွေ၊ လူငယ်၊
ကျောင်းသားနဲ့ အမျိုးသမီးအဖွဲ့တွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေပါမကျန် ကမ္ဘာအရပ်ရပ်မှာရှိတဲ့ တိုင်းရင်သား အဖွဲ့ ပေါင်းစုံက လူ ၁၀၀ ၀န်းကျင်လောက် ဖိတ်ထားတယ်လို့ ဆိုပါတယ်။

မြန်မာပြည်တွင်းက နိုင်ငံရေးသမားတချို့လည်း ဖိတ်ကြားထားတယ်လို့ ဦးခွန်ဥက္ကာက ပြောပါတယ်။ ညီလာခံ မှာ အဓိကအားဖြင့် အချက် ၂ ချက်ကို ဆွေးနွေးဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

“ပထမတချက်က လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ ချမှတ်ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
ဆို တာရှိတယ်။ အဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကု
ိ တိုင်းရင်းသားအင်အားစုတွေက ၀ိုင်းဝန်းထောက်ခံဖို့၊
နံပါတ်၂ အချက်က အကယ်၍ နိုင်ငံရေးအရတွေ့ ဆုံဆွေးနွေးပွဲ တမျိုးသားလုံးဆိုင်ရာ ညီလာခံသဘောမျိုး၊ ဦးအောင်မင်းအဆိုအရ ဆိုရင် ပင်လုံထက် ကျယ်ပြန့်တဲ့ ညီလာခံမျိုးပေါ့။ အဲလို အခင်းအကျင်းမျိုးပေါ်
လာရင် တိုင်းရင်းသားတွေက ဘယ်လိုအနေအထားနဲ့ ဝင်ပြီး ပြောဆို ဆွေးနွေးမယ်၊ ပါဝင်မယ်၊ ပူးပေါင်းမယ်
ပေါ့ ။ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွ
က် ပူးပေါင်းပါဝင်ဖို့ အဲဒီအတွက် ပြင်ဆင်ဖို့လည်းပါတယ်။ ဒီ ၂
ခုပေါ့။”သူတို့ကျင်းပမယ့် ညီလာခံဟာ အစိုးရက ပြောနေတဲ့ ပင်လုံညီလာခံထက် ပိုမိုကျယ်ပြန့်တဲ့ညီလာခံနဲ့ ဆန့် ကျင်ဘက်မဟုတ်ဘဲ တိုင်းရင်းသားတွေဘက်က အဆင့်တခုသာဖြစ်တယ်လို့ ဆိုပါတယ်။

အရင်ဆယ်စုနှစ်တွေတုန်းက တိုင်းရင်းသား ညီလာခံတွေမှာ သဘောတူ ရပ်တည်ခဲ့တဲ့ တန်းတူရေးနဲ့  ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနဲ့ စစ်မှန်တဲ့ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ရည်မှန်းချက်တွေ အတိုင်းပဲရှိ
မှာပါ လို့  ဆိုပါတယ်။ ပြည်ပမှာ တိုင်းရင်းသားညီလာခံ ကျင်းပပြီးရင် ပြည်တွင်းမှာလည်း တိုင်းရင်းသား
ညီလာခံ ကျင်းပနိုင်ဖို့ အစိုး ရနဲ့ ညှိနှိုင်းမယ်လို့ သူက ပြောပါတယ်။ (အေးနိုင်-ဒီဗွီဘီ)

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here