နွားကသူ့ ကိုထိမ်းကြောင်းဖို့ 
တိမ်တွေကို တာဝန်ပေးခဲ့ဖူးတယ်၊
ချည်တိုင်မုန်းတဲ့ စိတ်နဲ့ အတူ
ရုန်းချင်တိုင်းရုန်း ၊ ရိုင်းချင်တိုင်းရိုင်းနေခဲ
နွားသတ္တိကို အပြည့်အ၀သုံးရင်း
မိုင်မဲခြင်းဟာ နွားရဲ့ ကိုကွယ်ခံဖြစ်ခဲ့ 
နွားကကြိုးကိုမုန်းတယ်
ချည်တိုင်ကိုမျက်စောင်းထိုး
နွားကျောင်းသားကိုခွေ့ ချင်တယ်
နကံ(နှင်တံ) ကိုအရွဲတိုက်တယ်
မိုက်ခဲ့ သမျှစားမြုတ်ပြန်ချင်တယ်
နွားချော့ တေးတစ်ပုဒ်ရေးရင်း
နွားကိုကျောသပ်ပေးခဲ့ 
ဒီနေ့ နွားက.....
ရိုင်းခဲ့ သမျှတောင်းပန်နေတယ်
လူ့ ခန္ဓာထဲမှာ နွားဘယ်လို နေရမယ်ဆိုတာ
နားလည်ပြီတဲ့ 
အဲ့ ဒီနောက်.....
နွားကသူ့ ကိုထိမ်းကြေင်းဖို့ 
ထိမ်တွေကို တာဝန်ပေးခဲ့ တယ်......။ ။