Tuesday, August 14, 2012

ကယန်းကျေးရွာအချို့ ဆန်းစပါး ပြတ်လတ်မှုနှင့် ကြုံတွေ့နေရ

0 comments
ကယန်းဒေသမှာ မိသားစု စားဝတ်နေရေးပြဿနာ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးပြ ဿနာနှင့် နယ်မြေ သိမ်းဆည်း ခံရမှုပြဿနာ အပါဝင် လူ့ အခွင့်အရေး ချိုးဖောက်ခံရမှု အများကြီး တွေ့ ရှိနေသေးကြောင်း ကျေး ရွာသို့ သွားရောက် ကွင်းဆင်း လေ့လာခဲ့သော ဒေသ လုံးဆိုင် ရာ ကျောင်းသားနှင့်လူယ်များ အစည်းအရုံး အဖွဲ့ဝင်များက ဆိုသည်။

“ ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ် ကျေးရွာ တော်တော်များများသွားရောက်ဖြစ်ခဲ့တယ်။
ကျေးရွာထဲ ရောက်တော့ ကျနော်တို့ကို လိုက်လိုက်လှဲလှဲ ကြိုဆိုပြီး သူတို့ရဲ့ ကျေးရွာရဲ့ စားဝတ်နေရေး၊ ပညာရေး၊ လမ်းပမ်းဆက်သွယ်ရေး စတဲ့ အခြေအနေတွေကို ပြောပြတယ်။ ရပ်ရွာရဲ့ အခက်အခဲတွေကို ဘယ်လို လုပ်ကြမလဲ ဘယ်သူတွေက ကျနော်တို့ကို ကူညီဖြေရှင်းမလဲ ဆိုတာကို မေးမြန်း
ဆွေးနွေးခဲ့ကြတယ် ” ကေအက်စ်ဝိုင်အေ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ခွန်းအာအိုင့်က ပြောပြသည်။
ဆက်လက်ပြီး “၎င်းတို့ရဲ့ အခက်အခဲများနှင့်ပါတ်သက်ပြီး ကယန်းဝန်ကြီး ဦးလောရင်း၊ ကယန်းပြည် သစ်ပါတီ ဗဟိုကော်မတီနှင့် ကလလတ အဖွဲ့အစည်းခေါင်းဆောင်၊ ကယန်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီ တို့နှင့် သွားရောက် တွေ့ဆုံပြီး အကူအညီပေးဖို့ တင်ပြပေးထားတယ် ” လို့လည်း ဆိုပါတယ်။

မိသားစု စားဝတ်နေရေးအတွက် ရွေ့ပြောင်းတောင်ယာလုပ်ငန်းတစ်ခုတည်း မှီခိုနေရတဲ့အခြေအနေေ ကြာင့်ဘဲ အပြစ်တင်ချင်ပါတယ်။ နှောင်နှစ်တွေမှာ အဲဒီလို အခြေအနေများ ပြန်လည် မကြုံရလေေ အာင် ဒေသခံပြည် သူတွေနဲ့ ပေါင်းစည်းပြီး အခြေခံ လူမှုဘ၀ဖူလုံရေးအတွက် တင်ပြမှုတွေ ဆက်လုပ်သွားမယ်။ ကျနော်တို့ ဒေသနဲ့ကိုက်ညီတဲ့ အသီးအနှံတွေ၊ စိုက်ပျိုးမှု နည်းပညာတွေ ကျနော်တို့ကို ပညာပေးဖို့ အတွက် တောင်း ဆိုသွာမယ် ဟု ဒေသလုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များ အစည်းအရုံး အဖွဲ့ဝင် တစ်ဦးက ဆိုပါတယ်။

ရာသီးဥတုနှင့် ကံတရားကို မှီခိုပြီး ရွေ့ပြောင်းတောင်ယာ လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း လုပ်ကိုင် စား သောက်နေသော တောင်သူလယ်သမားများတို့သည် တောင်ယာခင်းများ မီကောင်းကောင်း မလောင်ခြင်း ကြောင့်နှင့် ရာသီဥတု ပုံမှန်မရှိခြင်းကြောင့် ယာခင်းမှ ထွက်ရှိလာသော အသီးအနှံများ လုံလောက်စွာ မရခြင်း ဖြစ်သည်ဟု သိရသည်။

အရင်နှစ်မှာ တောင်ယာ မီးရှု့တဲ့အချိန် မိုးရွာတယ်၊ ကောင်းကောင်းမလောင်ခဲ့ဘူးပေါ့။ အသီးအနှံ မျိုးစေ့ စိုက်တဲ့အချိန်ကြတော့ မိုးမရွာ ပြန်တော့ဘူး။ အဲဒီလို ရာသီဥတု ပုံမှန် မဖြစ်တော့ အသီးအနှံ ဘယ်လိုလို့ ထွက်ကောင်းတော့မလဲ။ ထမင်းငတ်တော့တာပေါ့။ တောင်ယာ စိုက်စားတဲ့အလုပ်တခုဘဲ ကျနော်တို့က လုပ်တတ်တယ်လေး ဟု တောင်ယာလုပ်သူ ဦးမေလှညွန့် က ဆိုပါသည်။

လမ်းပမ်းဆက်သွယ်မှု အခက်ခဲများကြောင့် အစိုးရ၀န်အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်း တွေ ရောက်မလာသေးဘူးလို့ ရွာသားတစ်ဦးက ဆိုသည်။

လောလောဆယ်မှာ ကျနော်တို့ကျေးရွာရဲ့ အခက်ခဲတွေကို ဘယ်အသင်းအဖွဲ့မှ လာရောက် ကူညီတာ မရှိသေးပါဘူး။ ကျနော်တို့ ကျေးရွာက ဝေးလံခေါင်းပါးတဲ့ နေရာ ဒေသလည်းဖြစ်တဲ့အတွက် အစိုးရတွေ၊ အင်ဂျီအိုအသင်းအဖွဲ့တွေ ရောက်မလားနိုင်ဘူးလို့ ထင်တယ်ဟု ရွာသားတစ်ဦးက ပြောသည်။

ရွာလုံးကျွှတ် ဆန်စပါးပြတ်လတ်မှုနဲ့ ကြုံနေရတော့ ၂၀၁၂-၂၀၁၃ ခုနှစ် ကလေးများ ပညာရေးအတွက် လည်း ကြကြောင်းလည်း ပြောပါသည်။

ကျနော်တို့ ရွာမှာ အိမ်ခြေ (၂၇)အိမ်ရှိပါတယ်။ ကျောင်းသူကျောင်းသား (၃၄)ဦးရှိပါတယ်။ အစိုးရ ချပေးတဲ့ ကျောင်းမဟုတ်တဲ့အတွက် ဆရာမ (၂)ဦးကိုလည်း ငှားရပါတယ်။ ကျောင်းလိုရာ ၀ိစ္စတွေ နှစ်တိုင်း ရွာကဘဲ စီစဉ်ပေးနေရပါတယ်။ ကယန်းပြည်သစ်အဖွဲ့အစည်းက ဆရာမ လစာအတွက် တစ်ဝက်နူန်း ထောက်ပံ့ပေး ကူတာ ရှိပါတယ်။ ဒီနေ့ ရွာလုံကျွတ် မိသားစု စားဝတ်နေရေး အဆင်မပြေတော့ ကလေးများ ပညာရေး အတွက်လည်း စိုးရိမ်းနေပါတယ် ဟု အောက်ဖူးလော ကျေးရွာ လူကြီးတစ်ဖြစ်သူ ဦးဧလိယာ ဆိုပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်းရှိ အောက်ဖူးလောကျေးရွာ၊ မောင်တိုး၊ ကဆန်း၊ တောင်တန်း စသော ကျေးရွာများ အပြင် ကျေးရွာ တော်တော်များတွေမှာ မိသားစု စားဝတ်နေရေးပြဿနာ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးပြ ဿနာနှင့် နယ်မြေ သိမ်းဆည်းခံရမှုပြဿနာ အပါဝင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အများကြီး တွေ့ရှိနေရကြောင်း ဒေသလုံးဆိုင်ရာ ကယန်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံးက ဆိုသည်။

ပြဿနာအများဆုံး ဖြစ်ပွားနေသော နေရာဒေသတွေမှာ ရပ်သူရွာသားတို့ရဲ့ ပြဿနာများဖြေရှင်းပေးဖို့၊ လိုအပ်ချက်များကို ထိထိရောက် ဖြေရှင်းပေးနိုင်မည့် အသင်းအဖွဲ့မျိုး များစွာ လိုအပ်နေသေးကြောင်း ဖြည့်စွက် ထောက်ပြ ပြောပါသည်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here