Wednesday, August 15, 2012

ကယန်းပြည်သစ် ပါတီ ၄၈ နှစ်မြောက် မွေးနေ့ အခမ်းအနား ကျင်းပ

0 comments
ကယန်းပြည်သစ်ပါတီ၏ ၄၈ နှစ်ပြည့် ပါတီမွေးနေ့ အခမ်းအနားကို ဌာနချုပ်မှာ ကျင်းပပြုလုပ်ပါတယ်။

ပါတီမွေးနေ့မှာ နိုင်ငံရေး ဆွေးနွေးပြင်ဆင်မှုတွေ စစ်ရေးပြ ပြုလုပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

“ဒီနေ့သည် ကယန်ပြည် သစ်ထူထောင်တာ ၄၈ နှစ်
ပြည့် တဲ့နေ့ ဖြစ်ပါတယ်။ အဲဒီလို ပြည်သူ လူထုဘက် ကနေ အစဉ်အလာတစိုက် ရပ်တည်လာခဲ့တဲ့ အတွေ့အကြုံကို ပါတီဝင်တွေ ပါတီဝင်အသစ်တွေ သိရှိအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခမ်းအနားကို ကျင်းပရခြင်းဖြစ်တယ်” လို့
တွဲဖက်အတွင်းရေးမှူး ဦးစောလွင်က
ပြောပါတယ်။
တိုင်းနဲ့ပြည်နယ် လေးခုမှာ အစိတ်စိတ်အမွှာမွှာ ခွဲထုတ်ခံရတဲ့ ကယန်းဒေသတွေကို ပြန်လည် စုစည်းပြီးတော့ ကယန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခုကို လိုချင်တာ ဖြစ်ပါတယ်။ ကယန်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို ကျနော်တို့က ကယားပြည် နယ် အစိတ်အပိုင်း တခုအဖြစ်ကို ထည့်ဆွဲစေချင်တာလဲ ဖြစ်ပါတယ်”
ပါတီမွေးနေ့အခမ်းအနားမှာ ကယန်းပြည်သစ်ပါတီ ခေါင်းဆောင်များအပါအ၀င် ကယန်းပြည်သစ် တပ်မ
တော် တပ်မှူး တပ်သားများ ပြည်သူလူထုများ ၃၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here