Thursday, August 30, 2012

ချင်းပြည်နယ် ဘိန်းအစားထိုး စိုက်ပျိုးရေး အကောင်အ ထည် ဖော်တော့မည်

0 comments
ချင်းပြည်နယ်အတွင်း ဘိန်းအများဆုံးစိုက်ပျိုးသည့် တွန်းဇံမြို့နယ်တွင် ဘိန်းအစားထိုးစိုက် ပျိုးရေးဖော်
ဆောင်ဖို့ ပြည်နယ် အစိုးရက ငွေထုတ်ချေးမှု အစီ အစဉ်ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်ကနေ စာရင်း
ကောက်နေကြောင်း သိရသည်။

“ အစိုးရက ယခုလိုစီစဉ်ပေးတာအထူးကျေးဇူး
တင်တယ်”ဟု ဒေသခံလူကြီးတဦးက ပြောသည်။
၁ . ၅ကျပ် အတိုးနှုန်းဖြင့် ထုတ်ချေးမယ် ဖစ်ပြီး
ချေးငွေကို ၇ နှစ်အတွင်း အကျေပြန်ဆပ် ရန်ဖြစ်
ကြောင်း၊ ယနေ့အထိ စာ ရင်းပေးသူ အနည်းဆုံး ၄၀၀၀ ခန့်ရှိနေပြီး
တွန်းဇံမြို့ပေါ်တွင် ဘိန်းစိုက်ပျိုးသူ အယောက် ၅၀ ဦးခန့် ရှိကြောင်း သိရ သည်။

“ ချေးငွေထုတ်ပေးမည့် ရက်အတိအကျကိုတော့ မသိရသေးပါဘူး၊ ယနေ့အထိတော့ စာရင်းပေးနေ ကြ တယ်” ဟု မျက် မြင် တ ဦးက ပြောသည်။

အလားတူ ပြည်နယ်အစိုးရသည် ၀ါးဥ တဧက ကျပ်ငွေ ၇ သိန်း၊ မြောက်ငိုခင်း (Zawngtah) ခင်းအတွက် တဧက ကျပ်ငွေ ၄ သိန်းနှုန်းဖြင့် ထုတ်ချေးဖို့ စာရင်းကောက်နေကြောင်းလည်း ထပ်မံ သိရသည်။

“ အဲဒါတွေသာ တခါတည်း အစီအစဉ်ရှိရှိနဲ့ အမြန်ဆုံးအကောင်အထည်ဖော်သင့်တယ်” ဟု ကျေး လက်ဒေသခံ တဦး က ပြောသည်။

လက်ရှိ ၀ါးဥ၏ ကာလပေါက်ဈေးမှာ အစို တပိသာ ကျပ်ငွေ ၃၀၀၊ အခြောက် တပိသာ ၁၀၀၀ ရှိပြီးမြောက် ငိုသီး ပေါက်ဈေး မှာ အပင်ကြီးပြီး အသီးကောင်း လျှင်တပင် ကျပ်ငွေ ၁၀၀၀၀- ၁၅၀၀၀ ဖြင့် ဈေးဖြတ် ကြကြောင်း၊ အသီးအားဖြင့် တပိသာလျှင် ကျပ်ငွေ ၁၀၀၀ ရှိကြောင်း သိရသည်။

ပြည်နယ်အစိုးရသည် ဒေသခံလူထုထံ ယခုကဲ့သို့ ချေးငွေထုတ်ချေးရေး အစီအစဉ်ပြု လုပ်နေသော်လည်း အသေးစိပ်ကို ရှင်းလင်းချပြခြင်း မရှိသေးကြောင်း သိရသည်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here