အတွက် အဆိုးဆုံး မျှော်လင့်ထားရန် မိဘများအား ဆရာဝန်များက သတိပေးခဲ့ကြရာ မိဘများက
သူတို့ ကလေးငယ် အသက်ရှင်နိုင်မည့် အခွင့်အလမ်း အတွက် အင်တာနက်တွင် ကုသမှုနည်းသစ်များကို ရှာဖွေခဲ့ကြသည်။
ထို့နောက် မိခင်ဝမ်းဗိုက်ထဲမှာပင် ခွဲစိတ်ကုသနိုင် မည့် Fetoscopic Tracheal Occlusion (FETO)
နည်းကို ရှာတွေ့ခဲ့ပြီး ထိုခွဲစိတ်မှုကို ဗြိတိန်မှ ခွဲစိတ် ဆရာဝန် ပါမောက္ခကိုင်ပရို တစ်ဦးတည်းက သာ
ဆောင်ရွက်ကြောင်း၊ ထိုနည်းမှာ Keyhole ခွဲစိတ် နည်းသုံးကာ သန္ဓေသား၏ လေပြွန်ထဲသို့ သေးငယ်သော
Balloonတစ်ခုထိုးသွင်း ကုသခြင်းဖြစ်ကြောင်း၊ ထိုအခါ သန္ဓေသား၏ အဆုတ်ထဲ၌ အရည်တို့ဖြင့် ပြည့်ကာ ကြီးထွားလာမည်ဖြစ်ကြောင်း သိခဲ့ရသည်။

သို့ဖြစ်၍ မိဘများသည် ပါမောက္ခ ကိုင်ပရိုနှင့် တွေ့ဆုံပြီး သန္ဓေသားခံစားနေရသော မွေးရာပါ ရင်ဝမ်းတားကြွက်
သား အပေါက်ပါရှိပြီး အဆုတ်၏ လုပ်ငန်းဆောင်တာများ မှန်မှန်ကန်ကန် မဖွံ့ဖြိုးမှု(CDH) အတွက်
ကုသမှုခံယူခဲ့ပြီးနောက် ကလေးငယ်၏ အဆုတ်အရွယ်အစားမှာ သိသိသာသာ ကြီးထွားလာ ခဲ့သည်။

ကိုယ်ဝန်၃၇ပတ် ပြည့်သော ၂၀၁၁သြဂုတ်လတွင် သန္ဓေသားအား မွေးဖွားခဲ့ပြီး ကလေးငယ်ကို ဆေးရုံတွင် လပိုင်းမျှထားပြီးသည့်အခါ ကောင်းမွန်စွာ အသက်ရှု နိုင်ခဲ့ကြောင်း သိရသည်။