Wednesday, August 15, 2012

၁၈ ဘီးကား တိုက်မိ၍ မြန်မာ အလုပ်သမား ၃ ဦး သေဆုံး ၁ ဦး ဆေးရုံတင်ရ

0 comments
ဘန်ကောက်မြို့အနီး ပထုန်ဌာနီ မြို့ ကျလွန်ဖုန် ကုမ္ပဏီ အနီးတဝိုက် တွင် အလုပ်မှပြန်လာသော မြန်မာအလုပ်သမား ၄ ဦးကားတိုက်ခံ ရကာ ၃ ဦးပွဲချင်းပြီးသေဆုံးသွားကာ ၁ ဦးဆေးရုံ တင်ထားကြောင်း ထိုင်းရပ်သတင်းစာတွင် ရေးသားဖေါ်ပြထား သည်။
၁၁ ရက်နေ့နံနက်ထန်ရဘူလီမြို့ဘက်မှ ကွန်ကရစ်တိုင် များတင်ပြီး
မောင်းနှင်လာသော ၁၈ ဘီးကားနံပါတ် 704599 နှင့်နောက်တွဲ နံပါတ်827070 ပထုန်ဌာနီမြို့နယ် လန်းလုကာမြို့ ရေမြောင်း အမှတ် (၇) နယ်မြေ(၁) ဗူခံလွိုက်ကျေးရွာဘက်ကို မောင်းနှင်လာခဲ့စဉ် ကား တိုက်မှု ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
အခင်းဖြစ်ပွားရာနေရာသို့သက်ဆိုင်ရာ ရဲစခန်းရဲများနှင့် ကယ်ဆယ်
ရေးကားများရောက်လာရာ ကားမောင်းဒ ရိုင်ဘာထွက်ပြေး တိမ်းချောင်သွားသည်။ အတိုက်ခံရသော သူနှင့်သေဆုံးသူများကို ဌာန်ရဘူလီဆေးရုံသို့ပို့ဆောင်လိုက်သည်။
ကားတိုက်ခံရသူ များမှာ ၁။ နိုင်စိုး ( ၂၈ နှစ်) ၊၂။ နိုင်ထွန်း ( ၃၄ နှစ်)၊ ၃။ မစိုး (၄၀နှစ်)နှင့် ၄။ မမီး ( ၂၉ နှစ်) တို့ဖြစ် ကြသည်။ နိုင်စိုး၊နိုင်ထွန်းနှင့်မစိုးတို့မှာ ပွဲချင်းပြီးသေဆုံးခဲ့သည်။ မမီး မှာ ဌာန်ရဘူလီဆေးရုံတွင် အရေးပေါ်အတွင်းလူနာအဖြစ်ဆေးကုသခံနေရသည်။
ပထုန်ဌာနီ၊ ထန်ရဘူလီလမ်းမကြီးအတိုင်း ပထုန်ဌာနီဘက်ကိုမောင်းနှင်းလာသော ကားဖြစ်ေ ကြာင်း မျက်မြင်များ၏ပြောပြချက်အရ
သိရှိရသည်။ သက်ဆိုင်ရာနယ်မြေ ရဲများပြောပြချက်အရ ကား ဒရိုင် ဘာမှာ မောင်းရင်းအိပ်ငိုက်သဖြင့် ဖြစ်နိုင်ကြောင်း ထိုင်းရတ်သတင်းစာတွင့်ဖေါ်ပြထားသည်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here