Wednesday, August 15, 2012

အာရှယဉ်ကျေးမှု လှောင်ပြောင် မိလို့ ကျောင်းထွက်ရမည့် တက္ကသိုလ် ကျောင်းသူ

0 comments
အာရှတိုက်သားများကို ဆန့်ကျင်သည့် ဗီဒီယိုဖိုင်
တစ်ဖိုင်ကို အင်တာနက်တွင်တင်ခဲ့သည့် ကယ်လီ ဖိုးနီး ယား တက္ကသိုလ်မှ ကျောင်းသူတစ်ဦးသည်
ခြိမ်းခြောက်မှုများ ခံနေရသဖြင့် ကျောင်းမှ ထွက်ရ
တော့မည်ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများအရ သိရသည်။

ဂျပန်နိုင်ငံတွင် ဆူနာမီ ဒဏ်ခံနေရသည့် အတောအ တွင်း ယင်းသို့သော အာရှတိုက်သားများကို သရော်
လှောင်ပြောင် ဆန့်ကျင်သည့် ဗီဒီယိုဖိုင် ကိုပြီးခဲ့သည့် တနင်္ဂနွေ နေ့က အင်တာနက်ရှိ youtube တွင် တင်မိ သဖြင့် သူ့ကိုယ်တိုင်အပြင် သူ၏မိသားစုကိုပါ ခြိမ်းခြောက်မှု အမျိုး မျိုးကြုံလာရသဖြင့် တက္ကသိုလ် ဆက် တက်ရန် မဖြစ်နိုင်တော့ကြောင်း တတိယ နှစ် နိုင်ငံရေးသိပ္ပံကျောင်းသူ အလက်ဆန်ဒရာ ဝေါလေ့စ်က ပြော သည်။

”အမှန်မတော့ ကျွန်မဟာ ရယ်စရာ ဗီဒီယိုဖိုင်တစ်ခုအဖြစ် ရည်ရွယ်ခဲ့တာပါပဲ။ ဒါပေမဲ့ ကျွန်မရဲ့ ဗီဒီယိုဖိုင်ဟာ ကယ်လီ ဖိုးနီးယား တက္ကသိုလ်အသိုင်းအဝိုင်းနဲ့ အာရှယဉ်ကျေးမှုတစ်ခုလုံးကိုပါ
စော်ကားသလိုဖြစ်သွား ပါ တယ်။ အထူးသဖြင့် ခုလို ဂျပန်နိုင်ငံသားတွေ ဘေးဒုက္ခနဲ့ ကြုံနေရချိန်မှာဆိုတော့ ပိုဆိုးသွား တာပေါ့။ ဒီအ တွက် တောင်းပန်တဲ့ စာတွေ အများကြီးရေးခဲ့ပါတယ်။
အင်တာနက်မှာတင်ထားတဲ့ ဗီဒီယို ဖိုင်ကိုလည်း ဖျက် လိုက်ပါပြီ။ ဒါပေမဲ့ ကြည့်လိုက်ရသူတွေရဲ့ မှတ်ဥာဏ်ထဲ မှာစွဲနေတာကိုတော့ ဘယ်ဖျက်လို့ ရတော့မှာ လဲရှင်”ဟု အလက်ဆန် ဒရာ ဝေါလေ့စ်က
ပြောပါသည်။

သူ့ ဗီဒီယိုဖိုင်ထဲတွင် ကယ်လီဖိုးနီးယား တက္ကသိုလ်က အာရှသားအုပ်စုကြီးကို နှစ်စဉ်ကျောင်းဝင်ခွင့် ပေးခြင်း ကို သရော်ထားခြင်းလည်း ပါဝင်ပြီး ယင်းအာရှသားများက အမေရိကန်စတိုင်ဖမ်းကြခြင်းကို
အပြစ်တင်ထား ခြင်းလည်းပါဝင်ကာ အာရှသားအချင်းချင်း မိခင်ဘာသာစကားများဖြင့် ဖုန်းပြောကြခြင်းကို မနှစ်မြို့ခြင်း လည်း ပါဝင်ကြောင်း သိရသည်။ ယင်းသို့ဖုန်းပြောကြခြင်းကို " ချင်းချောင် လင်းလောင် တင်းတောင်” စသည်ဖြင့် ဝေါလေ့စ်က သူ့ဗီဒီယိုတွင် လှောင်ပြောင်ထားသည်။

ကယ်လီဖိုးနီးယား တက္ကသိုလ် ရှိ ဘွဲ့ကြိုကျောင်းသား ၂၆ဝဝဝ အနက် ၃၇ ရာခိုင်နှုန်းသည် အာရှသားများ
ဖြစ်ကြပြီး ၃၂ ရာခိုင်နှုန်းမှာမူ မျက်နှာဖြူများဖြစ်ကြကာ ၁၆ ရာခိုင်နှုန်းမှာ စပိန်ဘာသာစကားပြော လက် တင်များဖြစ်ကြ၍ လေးရာခိုင်နှုန်းမှာမူ လူမည်းများဖြစ်ကြ ကြောင်းသိရသည်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here