Thursday, August 30, 2012

အိမ်တွင်သာ နေထိုင်သည့် မိခင်များထက် အလုပ်လုပ်သည့် မိခင်များ ပို၍ ကျန်းမာရေး ကောင်းကြောင်း သုတေသီ များတွေ့ရှိ

0 comments
အချိန်ပြည့် အလုပ်လုပ် နေသူ မိခင်များသည် အချိန် ပိုင်းသာ အလုပ် လုပ်သည့် မိခင်များ သို့မဟုတ်
အကြောင်း ကိစ္စ တစ်ခုခု ကြောင့် အလုပ် မလုပ်သည့် မိခင်များထက် ပို၍ ကျန်းမာမှု ရှိကြောင်း သုတေသီ
အဖွဲ့ တစ်ဖွဲ့က သြဂုတ် ၂ဝ ရက်တွင် ပြောကြား သည်။

ပင်ဆယ်ဗေးနီးယား ပြည်နယ်တက္ကသိုလ်နှင့် အာရွန် တက္ကသိုလ်မှ သုတေသီ အဖွဲ့တစ်ဖွဲ့သည် ၁၉၇၈
ခုနှစ်မှ ၁၉၉၅ ခုနှစ်အတွင်း မိခင်ဘဝ ရောက်လာကြသူ
အမျိုးသမီးပေါင်း ၂၅၄ဝ ဦး၏ အလုပ်လုပ်ဆောင်မှု သမိုင်းကို လေ့လာ ခဲ့ကြသည်။ ထိုသို့ လေ့လာ ခဲ့ကြရာ
တွင် ၄င်းအမျိုးသမီး များ၏ ကိုယ်ဝန် မဆောင်ခင် အလုပ်တာဝန် ထမ်းဆောင်ခြင်းနှင့် ကျန်းမာရေးအခြေ အနေများ၊ ပထမသားဦး မွေးဖွားသည့် အသက် အရွယ် ကဲ့သို့သော အချက်များကို လေ့လာ ခဲ့ကြသည်ဟု သိရသည်။

လေ့လာ တွေ့ရှိခဲ့သည့် အဖြေများ အရ ကလေး မီးဖွားပြီး မကြာမီ အချိန်အတွင်း ပြန်လည်၍ အချိန်ပြည့် အလုပ်လုပ် ခဲ့သူ မိခင်များသည် ခန္ဓာပိုင်းနှင့် စိတ်ပိုင်း ဆိုင်ရာတွင် ပို၍ ကျန်းမာမှု ရှိသကဲ့သို့ အသက် ၄ဝ အရွယ်တွင် ဖြစ်ပေါ် တတ်သည့် စိတ်ဓာတ် ကျဆင်းမှု မှာလည်း လျော့နည်းမှု ရှိကြောင်းကို တွေ့ရှိ ခဲ့ကြ သည်။

အဆိုပါ တွေ့ရှိချက် များကြောင့် အလုပ်လုပ် ခြင်းသည် အမျိုးသမီး များ၏ စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သာမက မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု၊ မိမိ၏ စွမ်းရည်နှင့် မိမိ၏ လုပ်ပိုင်ခွင့် စသည့် အရာများ အားလုံး အတွက် ကောင်းမွန် ကြောင်း အာရွန် တက္ကသိုလ်မှ လူမှုဗေဒ ပညာရပ် ဆိုင်ရာ လက်ထောက်
ပါမောက္ဓ အက်ဒရိန်း ဖရက်ခ်ျက ပြောကြားသည်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here