Wednesday, August 15, 2012

မြေသားတမံ ကျိုးပေါက် လယ်ဧက ၅ ထောင်ကျော် နစ်မြုပ်

0 comments
ယခုရက်ပိုင်းအတွင်း မိုးသည်းထန်မှုကြောင့်
ဧရာဝတီ
တိုင်း ဒါးကမြို့ မန္တလေး မြေသားတာတမံ
သြဂုတ် လ ၁ ရက်နေ့ နံနက် ၅နာရီက ပေ ၅၀
ဝန်းကျင်
ကျိုး ပေါက်သွားပြီးနောက် လယ်မြေဧက ၅ ထောင် ခန့်ရေ နစ်မြုပ်နေကြောင်း ယင်းကျေးရွာသားများက ပြော သည်။

ပေ ၅၀ စတင်ကျိုးပေါက်ပြီးနောက်ပိုင်း ရေ
အားကြောင့်
ပေ ၁၇၀ ၀န်းကျင်ထိထပ်မံ ကျိုးပေါက် သွားခဲ့ကြောင်း၊ တိုင်းဒေသကြီး
ဝန်ကြီးလာရောက် ကြည့်ရှုကာ သဲအိတ် ၅ သောင်းဖြင့် တာတမံပြန် လည်ဖို့ရန် ကြိုးစားလျှက်ရှိသည်ဟုလည်း သိရှိရသည်။

ညောင်ချောင်း၊ ဘုရားကုန်းနှင့် ၀က်သိုး အစရှိသည့် ကျေးရွာအုပ်စု ၈ အုပ်စုပါဝင်သည့် ယင်းဒေသများတွင်
ရေနက်ကွင်းဖြစ်သဖြင့် ယခင်က မိုးနှောင်းပိုင်းမှသာ စပါးစတင်စိုက်ပျိုးနိုင်ခဲ့ရာမှ အရှည်ပေ ၃ သောင်း ရှိတာတမံ တည်ဆောက်ခဲ့ရာ ယခုနှစ်မေလ ပြီးစီးခဲ့သည်။

တာတမံ ပြီးစီးသည့်နောက် ပထမဆုံးအနေဖြင့် ယခုမိုးဦးရာသီတွင် စပါးစတင်စိုက်ပျိုးကြခြင်းဖြစ်သည်။
တမံ တည်ဆောက်လိုက်ခြင်းကြောင့် သုံးသီးစား အထိစိုက်ပျိုးနိုင်မည်ဟုလည်း
ဒေသခံများက ဆိုသည်။

အလားတူ သာပေါင်းမြို့နယ် ထန်းတပင်ကုန်းကျေးရွာ အနီးရှိ တဗူးချောင်း ရေလျှံမှုကြောင့် လယ်ဧက ၃ ထောင်ကျော် ရေနစ်မြုပ်လျှက်ရှိသည်ဟု သိရှိရသည်

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here