
တည်ဆောက် မည့် သျှမ်းပြည်နယ် တောင်ပိုင်း
ပင်လောင်းမြို့နယ် မှ အထက်ပေါင်းလောင်းဆည် စီမံကိန်းနှင့် ပါတ်သက် ပြီး မန္တလေးမြို့မှာ
သတင်းစား ရှင်းလင်းပွဲ ပြုလုပ်ပါ သည်။
အထက်ပေါင်းလောင်းဆည် တည်ဆောက်ခြင်း
ကြောင့် ရွာ ၂၃ ရွာမှ လူ ၈ ထောင်ကျော်
ပြောင်း ရွှေ့ရန်ရှိသလို မြေ ယာ
ဧက ၆ ထောင်ကျော် ပျက် စီးသွားနိုင်ကြောင်း ယင်း စီမံကိန်းကို စောင့်ကြည့်လေ့လာသည့် ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ အဖွဲ့၏ အတွင်းရေးမှူး ခွန်းဘီထူးက
သတင်းစာရှင်းလင်းပွဲမှာ ပြောပါသည်။
“အစိုးရက ၀င်ရောက် ဆောင်ရွက်ပေးတာမျိုး မရှိဘူးဆိုရင် အဲဒီ ရေကာတာ အနီးတ၀ိုက်မှာ
ရှိတဲ့ ရွာ ၂၃ ရွာကို စည်းရုံးပြီး ၀ိုင်းဝန်းလက်မှတ်ထိုးမှုတွေ၊ သပိတ်မှောက်တာတွေ
ဆက်လုပ်သွားမယ်” ဟု ပြောပြီး လာမည့် အပတ်တွင် ၎င်းကိစ္စ သမ္မတရုံး အပါအ၀င် ရန်ကုန်ရှိ
သံရုံးများ၊ လျှပ်စစ်ဝန်ကြီး ရုံး၊ လူ့အခွင့်အရေး ကော်မရှင်ရုံးနှင့် သက်ဆိုင်ရာအစိုးရရုံးအချို့သို့
အိတ်ဖွင့်ပေးစာ တစ်စောင် ပေးသွားမည်ဟုလည်း ပြောသည်။
အလားတူပင် လောင်းမြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ် အမတ်ခွန်းမောင်သောင်းက
လက်ရှိ အထက်ပေါင်းလောင်းဆည် တည်ဆောက်ချိန်တွင် အစိုးရဘက်ကလုပ်ဆောင်ပေးမှုများ၊ ကတိပေးမှုများ အပေါ်ဒေသခံများ၏ မေးမြန်းထားမှုများနှင့်အတူ အိတ်ဖွင့်ပေးစာကိုလည်း တပြိုင်နက် ပေးပို့သွားရန် ရှိကြောင်း သိရသည်။
အထက်ပေါင်းလောင်းဆည် ဒေသရှိ ကျေးရွာများသည် အစိုးရနှင့် တာဝန်ရှိ အဖွဲ့အစည်းများမှ
ယခုနှစ် အတွင်း ဆည်ပိတ်ရေး၊ မပိတ်ရေးသတင်းအတိအကျ ထုတ်ပြန်ခြင်းမရှိသေးသည့်အတွက်
ရေနစ်မြှုပ် ဧရိယာကျရောက်သော လယ်ယာမြေများကို ဒေသခံများက မစိုက်ပျိုးရဲကြသလို
သက်ဆိုင်ရာ တာဝန်ရှိများ ကလည်း ယနေ့အထိ တာဝန်ယူဖြေရှင်းမပေးသေးကြောင်း ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့က ဆိုသည်။
၂၀၀၄-၂၀၀၅ ခုနှစ်မှစ၍ အထက်ပေါင်းလောင်းဆည်ဆောက်လုပ်ရန် ဆွီဇလန်နိုင်ငံရှိ
အေအက်ဖ် ကိုလင်ကို (AF Colenco) ကုမ္ပဏီကိုငှားရမ်း၍ ကြီးကြပ်စေခဲ့ပြီး လန်ဒန်အခြေစိုက်
မဲလ်ကွမ်နှင့် လုပ်ဖော်ကိုင်ဖက် MDA အဖွဲ့နှင့် တရုတ်နိုင်ငံ၊ ယူနန်အကြီးစားစက်မှုပစ္စည်းများ
ပြည်ပတင်ပို့ရေး ကုမ္ပဏီ-YMEC တို့က စီမံကိန်းတွင် ပါဝင်လုပ်ဆောင်ခဲ့သည် ဟု
၂၀၁၁ ခုနှစ်၊ ဇွန်လထုတ် ကယန်းမျိုးဆက်သစ်လူငယ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တရုတ်ကုမ္ပဏီများ၏ ငွေကြေးနှင့် တည်ဆောက်ရေး
အကူ အညီ ပံ့ပိုးမှုဖြင့် မန္တလေးတိုင်း၊ ပျဉ်းမနားမြို့နယ်တွင် ပေါင်းလောင်းမြစ်အောက်ဖက်
ဆည်ကို ၂၀၀၅ ခုနှစ်၊ မတ်လမှာ တည်ဆောက် ပြီးစီးခဲ့သည်။