Thursday, August 16, 2012

အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ဘတ်စကား တိမ်းမှောက်မှုဖြစ် အနည်းဆုံး ၂ဝ ဦး သေဆုံး

0 comments
အိန္ဒိယ နိုင်ငံ မြောက်ပိုင်း ဟီမာချာလ်
ပရာဒက်ရှ်
ပြည်နယ်တွင် သြဂုတ်
၁၁ ရက်က ခရီးသည်များ အဆမတန် တင်ဆောင်လာသော ဘတ်စကားတစ်စီး လမ်းချော်၍ ချောက်ထဲသို့
ထိုးကျသွားခဲ့ရာ ၄င်းယာဉ် ပေါ်တွင်
လိုက်ပါလာသည့် ခရီးသည် အနည်း
ဆုံး ၂ဝ ဦး သေဆုံးခဲ့ကြောင်း ၄င်းပြည်နယ် ရဲတပ်ဖွဲ့ က ပြောကြား ခဲ့သည်။

အဆိုပါယာဉ် တိမ်းမှောက်မှုသည် ချမ်ဘာမြို့သို့သွားသော လမ်းခရီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး
ချမ်ဘာမြို့ ဟီမားစလရမ်း ဒေသမှ ၁ဝ ကီလိုမီတာ အကွာတွင် ရှိသော ရာဂျီရာမြို့
အနီးရှိ ချောက်ထဲသို့ ထိုးကျ သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်း မှောက်မှုဖြစ် ပွားခဲ့သည့် နေရာ ဒေသသည် လွန်ခဲ့သော ရက်အနည်းငယ်က
မိုးသည်းထန်စွာရွာသွန်း ခဲ့သောကြောင့် လမ်းများ ချော်၍ ယင်းကဲ့သို့ တိမ်းမှောက် ခဲ့ရခြင်း
ဖြစ်သည်ဟု သိရသည်။

၎င်းယာဉ်ပေါ်တွင် ခရီးသည် မည်မျှ တင်ဆောင် ထားသည်ကို အတိအကျ မသိရပေ။
အိန္ဒိယ နိုင်ငံတွင် ခရီးသည်နှင့် ကုန်စည်များ အဆမတန် တင်ဆောင်မှု ကြောင့်
ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း သိရသည်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here