Wednesday, August 15, 2012

ရုရှားစစ်သင်္ဘောများ မြေထဲ ပင်လယ်အတွင်း စစ်ရေးလေ့ကျင့်မှု ပြီးဆုံးပါက ဆီးရီးယား သို့သွား မည်မဟုတ်

0 comments
ရုရှား ရေတပ်ပူးပေါင်း တပ်ဖွဲ့သည် မြေထဲပင်လယ် အတွင်း မဟာ ဗျူဟာမြောက် ရေတပ် စစ်ရေးလေ့ ကျင့် မှုကို နှစ်ရက်ကြာ အောင်မြင်စွာ ပြုလုပ်ပြီးဆုံးခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီး ဌာနက သြဂုတ် ၁ဝ ရက်တွင် ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေတပ် ဆိုင်ရာ စစ်ရေးလေ့ ကျင့်မှုအဖွဲ့တွင် ကုန်းရေနှစ် သွယ်သွား သင်္ဘောကြီး သုံးစင်း၊
Neustrashimy အမျိုးအစား ဖရီးဂိတ်စ် သင်္ဘောနှစ်စင်း၊ Udaloy အမျိုးအစား ဖျက်သင်္ဘောတစ် စင်းနှင့် ထောက်ပံ့ရေး သင်္ဘော နှစ်စင်းပါဝင် ကြောင်း သိရသည်။

အဆိုပါ နှစ်ရက်ကြာ စစ်ရေးလေ့ကျင့် မှုတွင် အမြောက်များ၊ ဒုံးကျည် များကို ကျည်စစ် ကျည်မှန်များဖြင့် ပစ်ခတ်လေ့ ကျင့်ခဲ့ကြောင်း သိရသည်။ ၄င်းသင်္ဘော များသည် ယခုလ နှောင်းပိုင်းတွင် အခြား စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ပြီးပါက ရုရှား ရေတပ် အခြေစိုက်စခန်း တစ်ခုဖြစ် သည့် နိုဘိုရော့စ် စီအမ် သို့ ပြန်လည် ခုတ်မောင်း မည်ဖြစ်ကြောင်း သိရသည်။

၎င်းတပ် ဖွဲ့သည် မီဒီယာများက ဖော်ပြခဲ့သည့် အတိုင်း ဆီးရီးယား နိုင်ငံ တာတက်စ် ဆိပ်ကမ်းတွင် ပြုပြင် ထိန်း သိမ်းမှုများ ပြုလုပ်သွား မည်မဟုတ် ကြောင်း သိရသည်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here