
တွေ့နေရပါပြီ။ အမျိုးသမီးသတင်းထောက်တွေလည်း
ထွက်ပေါ်လာနေပါပြီ။ သတင်းမီဒီယာလောကမှာ
တချိန်တုန်းက နာမည်ကြီးခဲ့တဲ့ သတင်းစာဆရာမကြီး
လည်းဖြစ်၊ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာစလုံး ၀တ္ထုတိုတွေကို ရေးသားခဲ့တဲ့ စာရေးဆရာမကြီးလည်းဖြစ်တဲ့ အသက် ၈၃ နှစ်အရွယ်မှာ ကွယ်လွန်သွားသူ ဆရာမကြီး
ဒေါ်ခင်မျိုးချစ်ရဲ့အကြောင်းကို တင်ပြလိုပါတယ်။
သတင်းစာဆရာတွေအနေနဲ့ ဘယ်လိုခံယူချက်တွေ ရှိသင့်ကြပါသလဲ။ ပြည်သူ့အကျိုးကို ဘယ်လို ရှေးရှုပြီးတော့ တင်ပြသင့်ပါသလဲဆိုတာကို စစ်ကြိုခေတ်ကစလို့ အနှစ် ၄၀ ကျော်သက်တမ်း စာပေလောကမှာ ရပ်တည်ခဲ့သူ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့အကြောင်းကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ တင်ပြထားပါတယ်။