Thursday, September 13, 2012

ဆီးဂိမ်းအမီ ဂျပန်အကူအညီဖြင့် အင်တာနက်မြန်နှုန်း 10GB အထိ မြှင့်တင်မည်

0 comments
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၃အာဆီယံဆီးဂိမ်းပြိုင်ပွဲအမီ ပြည်တွင်း အင်တာနက်
လိုင်းမြန်နှုန်းများကို ဂျပန်နည်းပညာအကူအညီဖြင့် 10GB အထိ တိုးမြှင့်ဆောင်ရွက်သွား ရန် ပြင်ဆင်နေ
ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။

အင်တာနက်မြန်နှုန်းများ အဆင့်မြှင့်တင်ခြင်းကို နေပြည်တော်၌ အဓိကဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်-မန္တလေး-နေပြည်တော် ဖိုက်ဘာဆက်ကြောင်း အဆင့်မြှင့်တင်ခြင်းကိုလည်း ပြုလုပ်သွားမည် ဖြစ်သည်။

“ဒီလိုပါ ဆီးဂိမ်းပြိုင်ပွဲအမီ ပြည်တွင်းအင်တာနက်လိုင်းတွေ မြန်နှုန်းကို အကောင်းဆုံးလုပ်ပေးမှာပါ၊ဘာလို့
လည်းဆိုတော့ နိုင်ငံခြားသားတွေလည်း အများဆုံးလာရောက်မှာဖြစ်တယ်၊ပြီးတော့ဆက်သွယ် ရေး
ပိုမိုအဆင်ပြေနိုင်အောင်လို့ပါ”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ထိုကဲ့သို့ ပြည်တွင်းအင်တာနက်လိုင်းများ၏ မြန်နှုန်းတိုးမြှင့်ဆောင်ရွက်ရာ၌ လိုအပ်သည့် နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပညာရပ်ပိုင်းဆိုင်ရာ လေ့ကျင့်သင်တန်းပေးမှုများကို ဂျပန်နိုင်ငံမှကူညီဆောင်ရွက်
ပေးနေကြောင်းကိုလည်း သိရှိရသည်။

အင်တာနက်စနစ်ကို ယုံကြည်၍ နိုင်ငံခြားကုမ္ပဏီများမှ အပ်နှံသည့် Outsourcing လုပ်ငန်းများကို ပြည်တွင်းမှ လုပ်ကိုင်ကြရန် လိုအပ်ကြောင်း၊ အင်တာနက်စနစ်ချို့ယွင်းခဲ့ပါက လျော်ကြေးအနေဖြင့် ပြန်လည်ပေးအပ်
သွားမည် ဖြစ်သည့်အတွက် ယုံကြည်စိတ်ချစွာ လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်းဆက်သွယ်ရေး၊ စာတိုက်နှင့်
ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းထွန်းက ပြောသည်။

ယခုလ (၇)ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သည့် ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်း
ပညာဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်ပြီး တက်
ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်း အသီးသီး၌ လုပ်ကိုင်ဆောင်ရွက်နေသူများအတွက်လည်း အင်တာနက်စနစ်နှင့် ပတ်သက်၍ တာဝန်ယူမည်ဖြစ်
ကြောင်းကို လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သေးသည်။
လက်ရှိအချိန်တွင် ပြည်တွင်း၌ သုံးစွဲနေသည့် တစ်နိုင်ငံလုံး၏အင်တာနက်မြန်နှုန်း Bandwidth မှာ 3GB ဝန်းကျင်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးက သိရှိရသည်။

ဥာဏ်ဥာဏ် (မြစ်မခ) မှ ဦးဇော် သိသမျှ

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here