Thursday, September 13, 2012

ရန်ကုန်ဈေးကွက် အတွင်းချက်ချင်းရိုက် ချက်ချင်း ပုံထွက်နိုင်သော Instant Camera များ ရရှိနိုင်တော့မည်

0 comments

မှတ်တမ်း ပြုလုပ် လိုသူများ အတွက် အချိန်ခဏတာ အတွင်း ပုံထွက် ကောင်းကောင်း ဓါတ်ပုံကိုရရှိအောင် ရိုက်ကူးနိုင်မည့် Instant Camera အမျိုး အစားကို ရန်ကုန်ဈေးကွက် အတွင်း မကြာမီဝယ်ယူနိုင်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါ ချက်ချင်းရိုက် ချက်ချင်း ဓါတ်ပုံ ရရှိနိုင်သော ကင်မ ရာမှာ
Fuji Film အမှတ်တံဆိပ်ဖြစ်ပြီး မည်သည့်ပြုပြင်မှုမှမပါဘဲ ဓါတ်ပုံ၏ အရသာကို ခံစားနိုင်မည်ဖြစ်သည့် Instant Film Sheet အမျိုးအစားဖြင့် ထည့်သွင်းအသုံးပြုရမည်ဖြစ်ကာ ဓါတ်ပုံပုံထွက်ကောင်းမွန်ကြည်လင်ပြီး ဓါတ်ပုံသားမှာရေစိုခံနိုင်
မည်ဖြစ်သည်။Indoor, Cloudy, Sunny, Very Sunny ဟူ၍ Manual Exposure Setting လေးခုရှိပြီး
မိမိနှစ်သက် ရာအခြေအနေတွင် ရွေးချယ်၍ရိုက်ကူးမှုပြုလုပ်နိုင်မည်ဖြစ်သည်။

၂ လက်မ ခွဲအထူနှင့် တစ်ပေါင်ကျော်ကျော် အလေးချိန် ကိုယ်ထည် ရှိပြီး တစ်ခါ တည်းပါရှိသည့်
AA ဘထ္ထရီလေးလုံး ထည့်သွင်း အသုံးပြု ရမည် ဖြစ်သည်။ Fujinon Lens အသုံးပြုထားကာ Auto Flash ပါဝင်သည်။ ကင်မရာဈေးနှုန်း ၆၅၀ဝ၀ ကျပ်ဝန်းကျင်ဖြစ်ပြီး ၁၀ Sheet ပါဝင်သော Instant Film Sheet နှစ်ထုပ်ပါ တစ်ပါကင်လျှင် ၁၃၀ဝ၀ကျပ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ Fuji Film အမှတ်တံဆိပ် Instax Mini 7S အမည်ရှိ ကင်မရာအမျိုးအစားကို အရောင်သုံးရောင်ဖြင့် ရရှိနိုင်ပြီး အပြာအဖြူစပ်၊ ပန်းရောင်အဖြူစပ်နှင့် အနက်ရောင်တို့ဖြစ်ကြောင်း သိရှိရသည်။ ၄င်းကင် မရာကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Capital Hyper Mart (သာကေတ)တွင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရှိရ ပြီး ဆက်သွယ်စုံစမ်း မေးမြန်းလိုသူများအနေဖြင့် ဖုန်း ဝ၁-၅၅၁၅၃၃ နှင့် ဝ၁-၅၅၃၁၃၈ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရှိရသည်။


ကျော်ညိုသွေး ,Mobile Guibe မှ သိသမျှ ။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here