Friday, September 28, 2012

၂ဝ၁၄-၁၅ ပညာသင်နှစ်တွင် ၁၂ တန်းပညာရေး စတင်မည်

0 comments
၁၂ တန်း အခြေခံ ပညာရေးစနစ်အဖြစ် ၂ဝ၁၄- ၂ဝ၁၅ ပညာ သင်နှစ်တွင် စတင်အကောင်အ ထည်ဖော် ကျင့်သုံးသွား ရန်ရှိသည်ဟု ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူ ထံမှ သိရသည်။ 

ပညာရေး ဝန်ကြီးဌာနနှင့် ပညာရေးနှင့်ဆက်စပ်
သော  ဝန်ကြီးဌာနတို့မှ ပညာရှင်များ အရပ် 
ဘက်ဆိုင်ရာပညာရှင် ၁၅ဝ တို့၏ သဘောတူညီ မှုနှင့်ထောက်ပြမှု တို့အရ ယခု  အခြေခံပညာ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲ သွားရန်ဆုံးဖြတ်ခဲ့
 ကြခြင်းဖြစ် သည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရှိရ သည်။

''နိုင်ငံမှာ ၁၂ တန်းပညာ ရေးအဖြစ် ပြင်မှာလား၊အဖွဲ့က သဘောတူရင် ကျွန်တော်ပြင်မယ်။ အဖွဲ့ကလည်း သဘောတူတဲ့အ တွက် ပြင်ဖို့ စုပေါင်းလုပ်ကြမယ်''ဟု ဒုတိယဝန်ကြီး ဦးအေးကြူက အတည်ပြုပြော သည်။လက်ရှိ ၉ တန်းနှင့် တက္ကသိုလ် ဝင်တန်း သင်ယူသူတို့ မှာ ယခုစနစ်အတိုင်း သွားမည်ဖြစ် သော်လည်း ၂ဝ၁၄-၂ဝ၁၅ ပညာ သင်နှစ်၌ ၉ တန်းစတင်တက်ရောက် ကြမည့် ကျောင်းသား/သူတို့မှာ စနစ်သစ်နှင့် စတင်တက်ေ ရာက် ပညာသင်ယူရမည်ဖြစ်ကြောင်း၎င်းကဆက်လက်ပြောသည်။ 

''လာမယ့် စနစ်သစ်က အခြေခံမူလတန်းအဆင့်မှာ အတန်း ငါးတန်း၊ အလယ်တန်း အဆင့်မှာ အတန်းလေး တန်း၊ အထက်တန်း အဆင့်မှာ အတန်းသုံးတန်း ဒီလိုရှိ သွားမယ်''ဟု ဦးအေးကြူက ပြော သည်။ 

ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်းကလည်း လက်ရှိ အခြေခံ ပညာရေးစနစ်မှာ ၁၁ တန်းပညာရေးသာဖြစ်နေ၍ အိမ်နီး ချင်းနိုင်ငံတို့နှင့်ပင် ယှဉ်ပြိုင်နိုင်မှု မရှိဖြစ်နေ သည်ကိုသာ တွေ့ရှိခဲ့ရ ကြောင်း၊ ၁၂ တန်းပညာရေး သာ ဖြစ်သင့်ကြောင်း ပေါ်ပြူလာနယူးစ် သို့ ပြော သည်။ 

အလွတ်တန်းဆရာ ဒေါက် တာ စိုးဝင်းဦးက ''အကြိမ်ကြိမ်ပြောခဲ့ဖူးပါတယ်။ ဆယ်တန်းအောင်ထားတဲ့
ကျာင်းသား တစ်ယောက် က နိုင်ငံခြားမှာ တက္ကသိုလ် ပထမ နှစ် စမတက်နိုင်ကတည်းကိုက ဒီမှာ တစ်ဆင့်နိမ့်နေပါပြီ ပြင်သင့်ပါတယ်''ဟုမှတ်ချက်ပြုသည်။

ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာသင်ရိုးတို့ကို ပြန် လည်ပြုပြင်ရေးဆွဲခြင်း၊ ဖြည့်စွက် ခြင်း၊ အဆင့်မြှင့်
ခြင်း အစရှိသည် တို့ကို ဆောင်ရွက်နေပြီး အသစ် ထပ်မံတိုးချဲ့မည့် စာသင်နှစ်တစ်ခု အတွက်ကိုပါ 

 လုပ်ဆောင်နေသည် ဟု သတင်းရရှိသည်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here