Friday, September 28, 2012

မြန်မာနိုင် လိင်လုပ်သားများ အသင်း ဖွဲ့စည်းလိုက်ပြီ

0 comments
မြန်မာတနိုင်ငံလုံးရှိ ပြည့်တန်ဆာအလုပ်ဖြင့် အသက်မွေးမူ ပြုလုပ်
သူများ ကိုစုစည်း၍ အသင်းတစ်ခု ဖွဲ့စည်း ကာ ဖိနှိပ်ခံရမှုများကို ကူညီဆောင်ရွက်သွားရန် စီစဉ်မူများ ဆောင်ရွက်နေပြီဖြစ်ကြောင်း လက်ရှိတွင် Sex Worker In Myanmar Network အမည်ဖြင့်စတင်
ဆောင်ရွက်နေသူ မနှင်းနှင်းယုကပြောကြားသည်။

ယခုလက်တလောတွင် ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် မော်လမြိုင်တို့မှ ကွန် ယက် သို့လာရောက် ချိတ်ဆက်ဆောင်ရွက်သည့် Sex Workersဦးရေ ၈၀၀
 နီးပါးမှ ရရှိပြီဖြစ်ကြောင်း၊ ၎င်းတို့ ၏ ကိုယ်ရေးအချက်အလက်များကို လုံခြုံရေး
အရ လျှို့ဝှက်ထိမ်းသိမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

"သူတို့က တရားမဝင်လုပ်ကိုင်နေရလို့ ဖိနိပ်မူအမျိုးမျိုး ကြုံတွေ့နေရတဲ့ လူတန်းစားတရပ်လိုဖြစ်နေပြီ"ဟု ကိုယ်တိုင် Sex Workerအဖြစ် အသက် မွေးဝမ်းကြောင်း ပြုခဲ့ရဘူးသူ ၎င်းက ဆိုသည်။

ပြည့်တန်ဆာအလုပ်ဖြင့် အသက်မွေးမှု ပြုလုပ်သူများအနေနှင့် ရဲတပ်ဖွဲ့၏ မတရားငွေညှစ် ခြိမ်းခြောက်မူ များ၊ မတရားမဝင်မှုအပေါ် မူတည်၍ ပြည့်တန်ဆာပွဲစားများ၏ ခေါင်းပုံဖျက်နှိပ်စက်မူများ၊ ထောင်
တွင်းခွဲခြား ဆက်ဆံခံရမူများနှင့် ပြည့်တန်ဆာ အလုပ်အကိုင် အဆင့်အတန်းနှင့် HIV ပိုးကူး ဆက်ခံရမှုအရ
အချင်းချင်းခွဲခြား ဆက်ဆံခံရမှုများ အများဆုံး ကြုံတွေ့နေရကြောင်း ထောင်ကျခံရဘူးသူ ၎င်းက ဆက်လက် ရှင်းပြသည်။

"အရင်လတုန်းက ကျွန်မကို ကြည့်မြင်တိုင်မှာ ရဲကဖမ်းတယ်၊ ၆သောင်းနဲ့ အမူမဖွင့်ဖို့ ပေးခဲ့ရတယ်။ သူများ ဆီကဆွဲပြိးတော့လေ၊ အခု အဲဒီငွေကို ပြန် ရှာနေတာ၊ အဲဒီနယ်ကိုလည်း တစ်လမလာပါဘူးလို့ ခံဝန်ထိုးခဲ့ ရတယ် "ဟု Sex Worker In Myanmar Network အဖွဲ့ဝင်တစ်ဦးဖြစ်သူ အသက်၂၆ နှစ်အရွယ် အမျိုးသမီး
တစ်ဦးက ဆိုသည်။

"သမီးရဲ့ဆက်ရှင်ကြေး ၁၅ရက်ရှိပြီ မရသေးဘူး၊ သမီးလဲ မတောင်းရဲဘူးလေ၊မနေ့ကတင်အမတစ်ယောက်
 ကသူတို့ကို ပြန်ပြောလို့ ရိုက်ထား တာ အရှိုးရာတွေကြီးပဲ၊ မထနိုင်လို့ ဆက်ရှင်တောင် နားထားရတယ်။ "ဟု ဘုရင့်နောင်ကားကြီးဝင်းအတွင်းရှိ မာဆက်အမည်နှင့် ပြည့်တန်ဆာ လုပ်ငန်း  တစ်ခုမှ အသက်၁၆နှစ် 
အရွယ် မိန်းကလေး တစ်ဦးက ပြောကြားသည်။

Sex Worker In MyanmarNetworkအနေနှင့် ပြည့်တန်ဆာအလုပ်ဖြင့်အသက်မွေးမူပြုလုပ်သူများကိုကျန်း 

မာရေးအသိ ဖြန့်ဖြူးခြင်း၊ မတရား ဖိနှိပ်မူများဖော် ထုတ်ကာ တရားစွဲဆိုဆောင်ရွက်ခြင်း၊ HIV ပိုးကူး
ဆက်ခံရသူ Sex Workerများကို ART ဆေး အခမဲ့ဖြန့်ဖြူးခြင်းများနှင့် ဘဝမြှင့်တင်ရေး လုပ်ငန်းများကို
ဆောင်ရွက် သွား မည်ဖြစ်ကြောင်း ယင်းကွန် ယက် ဥက္ကဋ္ဌလည်းဖြစ်သူ မနှင်းနှင်းယုက ပြောကြားသည်။

အဆိုပါ Sex Worker In Myanmar Network၏ ရန်ပုံငွေအတွက် ပြည်ပအခြေစိုက် NGO တစ်ခုက ကူညီ
ထောက်ပံမှုများပြုလုပ် ပေးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် Sex Worker ငါးဦးလျှင် တစ်ဦးနှုန်း HIV ကူးဆက်ခံနေရပြီး ၂၀၀၈ ခုနှစ်တွင် ARTဆေး ရယူနေရသည့် Sex Worker ၆၀,၀၀၀ ကျော်ရှိကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here