Sunday, September 30, 2012

လူမျိုးရေးပဋိပက္ခအသွင်ဆောင်နေမှုကို ကြိုတင်တားမြစ်ပေးရန်အဆို နတလဝန်ကြီးကဦးဆောင်ကန့်ကွက်

0 comments
ကျားဖြူပါတီ ပြည်နယ်လွတ်တော်အမတ် နန်းခမ်းအေး(ဓါတ်ပုံသျှမ်းသံ  
တော်ဆင့်) သျှမ်းသံတော်ဆင့်သတင်းဌာန. ၂၈ရက်နေ့ စက်တင် 
ဘာ ၂၀၁၂ —ယမန်နေ့က သုံးရက်မြောက်ပြည်နယ်လွတ်တော် အစည်း
အဝေး၌ လူမျိုးရေး ပဋိပက္ခ အသွင်ဆောင်နေသဖြင့် မဖြစ်ခင် တား
မြစ်သင့်သည် ဟူသည့်ကျားဖြူလွတ်တော်အမတ်၏အဆိုကိုနတလဝန်
ကြီးကဦးဆောင်၍ ကန့်ကွက်လိုက်ကြောင်း လွှတ်တော်အမတ်များ  ကပြောသည်။
 
“ကျားဖြူပါတီက နန်းခမ်းအေးက နမ္မတူဘက်မှာ အစိုးရအာဏာပိုင်တွေ
ကနေ အရင်းရှင် စီးပွားရေးလုပ်ငန်းရှင်တွေကို ရွာ သားတွေရဲ့
စိုက်ပျိုးမြေ (အစိုးရအခေါ်မြေလွတ်မြေရိုင်းပေါ့ဗျာ) ရောင်းချပေးနေ
တဲ့ကိစ္စ  လူမျိုးရေးပဋိပက္ခအသွင်ဆောင် နေတာကို ဟန့်တားပေး
သင့်တယ် လို့တင်ပြတောင်းဆိုတယ်။ အဲတာကို နတလ ဝန်ကြီးက လက်မခံဘူး။ အဲတာနဲ့မဲခွဲဆုံး ဖြတ်မယ်
လို့ ပြောတယ်။ ဝန်ကြီးဗိုလ်မှူးကြီးအောင်သူ ကိုယ်တိုင်ဦးဆောင်ပြီး ကန့်ကွက်ကြောင်း မတ်တပ်ထရပ်
တယ်။ စစ် ဘက်ကရော ပြည်ခိုင်ဖြိုးထဲကပါ လိုက်ပြီးရပ်တယ်။” ဟု ပြည်နယ် လွတ်တော်အမတ် တဦးက သျှမ်းသံတော်ဆင့် အားပြောပြသည်။
 
ယမန်နေ့က အစည်းအဝေးတက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ် ၁၃၂ ဦးရှိရာ ၇၀ : ၆၀ မဲ ဝန်းကျင်
ဖြင့် အဆိုဘက်မှ ရှုံးသွားကြောင်း ထောက်ခံသည့်လွတ်တော်အမတ်တဦးကလည်းပြောပါသည်။
နမ္မတူမြို့ နယ်အတွင်းရှိ ဒေသခံများ၏ လယ်ယာမြေများကို မြေတိုင်း ဦးစီးဌာန၌ စာရင်းမရှိဟုဆိုကာ ကျေး
လက်ပိုင် လယ်ယာမြေများအားသိမ်းယူ၍ တရုတ်လူမျိုး  ငွေရှင်များကိုလုပ်ကိုင်ခွင့်ပြုထားသောကြောင့် ရွာသားများ မကျေမနပ်ဖြစ်နေကြ ကြောင်း၊ ရှေ့ ဆက်မည်သို့ဖြစ်လာမည် မခန့်မှန်းနိုင်သဖြင့် (ရခိုင်တွင်
ဖြစ်နေသော ပဋိပက္ခကဲ့သို့အလားတူ) လူမျိုးရေး ပဋိပက္ခအသွင်ဆောင်နေမှုကို ဟန့်တားထားသင့်
သည်ဟု ကျားဖြူပါတီ၏ နမ္မတူမြို့ နယ် ပြည်နယ် လွတ်တော်အမတ် နန်းခမ်းအေးကတင်ပြခြင်းဖြစ်ကြောင်း 
 တောင်ကြီးဒေသခံ လွတ်တော်အမတ်တဦးကလည်း ဆိုပါသည်။
 
“နတလ ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူက  လုံခြုံရေးဆိုင်ရာ အဖွဲ့ အစည်းများ ဖွဲ့ စည်းထားပြီးဖြစ်လို့စိုးရိမ် စရာမလို ဘူးလို့ ပြောတယ်၊ ကန့်ကွက်ကြတယ်။ ဒါပေမယ့်အံ့ဩတာက တပ်မတော်သား ကိုယ်စား
လှယ် ၅ ယောက်က နန်းခမ်းအေးရဲ့ အဆိုကိုထောက်ခံတယ်။ ထမရပ်ဘူး။ နောက်ပြီး ပြည်ခိုင်ဖြိုးပါတီထဲ
က တိုင်းရင်းသားတချို့ ပေါ့ မကန့်ကွက်ကြဘူး။ လွတ် တော်ပြင်ပရောက်တော့ မတ်တပ်ရပ်ကန့်ကွက်
 ကြတဲ့ အမတ်တွေထဲက သူတို့ အချင်းချင်းပြန်ပြောကြတယ်။ ဝန်ကြီးတောင် မှ ကန့်ကွက်တော့ သူတို့လဲ အလိုက်သင့် မတ်တပ်ရပ်ရတာပါတဲ့” – ဟု သံလွင်အရှေ့ခြမ်းမှ ပြည်ခိုင်ဖြိုးလွတ်တော် အမတ်တဦးက
လည်းပြောပါသည်။
 
၎င်းနှင့်ပတ်သက်၍ နန်းခမ်းအေးကလည်း“ကျမကတော့ ပြည်သူ့ လွတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့
 ပြည်သူ့ ဆန္ဒအပေါ် အလေးထားမှု၊ တန်ဖိုးထားမှုနဲ့  တိုင်းတာပြီးတော့ ဆုံးဖြတ်စေချင်တယ် လို့
တင်ပြလို့ ဝန်ကြီးက မဲခွဲဆုံးဖြတ်လိုက်တာဖြစ် တယ်။ ပြည်သူတွေ အတွက်ဘဲ လုပ်မယ်လို့ဆုံးဖြတ်ပြီး လွတ်တော်ထဲဝင်လာတဲ့ လူတွေမဟုတ်လား။ ဒီအဆိုပယ်ခံရလို့ ဝမ်းမနည်းပါဘူး၊ ပညာတခုထပ်ရ
သွားတာပေါ့။” ဟု ဆိုပါသည်။
 
မူဝါဒတခုကိုတသမတ်တည်းကျင့်သုံးနေမှုမပြုသင့်ကြောင်း၊ ပြောင်းလဲလာသည့်အခြေအနေအပေါ်အထိုက်  အလျောက် ပြောင်းလဲကျင့်သုံးသင့်ကြောင်း၊ ယခုတင်ပြမှုမှာလည်း ဥပဒေအဖြစ်ရေးဆွဲရန်မဟုတ်၊ မီးဘေးရှောင်မလောင်ခင်တား သဘောမျိုးသာ ကြိုတင်ပြောပြခြင်းဖြစ်ကြောင်း အဆိုတိုင်းမှာဥပဒေ ဖြစ်မ  
လာနိုင်သည်ကိုနားလည်ကြောင်း ၄င်းက ဆက်လက် တင်ပြ ခဲ့သည်ဟု ဆိုပါသည်။
 
အထက်မှ လုပ်ကိုင်ခွင့်ပါမစ်ရထားသည့် မြန်မာပြည်သားမဟုတ်သော စီးပွားရေးလုပ်ငန်းရှင်များအား
 မြေတိုင်းဦးစီးဌာနက မဆလ ခေတ်မတိုင်မှီ မြေပုံ အသုံးပြုဟန်တူပြီး အဆိုပါမြေပုံတွင် အစိုးရပိုင်မြေ၊
 ဒေသခံရွာသားများ ပိုင်မြေ သတ်မှတ် ထားခြင်း မရှိ သဖြင့် ၄င်းတို့တိုင်းတာရောင်းချပေးခြင်းဖြစ်
နိုင်ကြောင်း၊ ထို့ကြောင့် ဒေသခံလူထုတို့ စိုက်ပျိုးခြံမြေများ ဆုံးရှုံးရခြင်းဖြစ်ကြောင်း နမ္မတူမှ ရပ်မိရပ်ဖ တဦးကလည်းပြောပါသည်။
 
အစိုးရသစ်တက်လာသည်ကာလ ယခုနှစ်များအတွင်းပင် နမ္မတူ၌ တရုတ်လောပန်းများအား ဖြတ်တောက်
ရောင်းချပေးခြင်း ခံရသော ဒေသခံလူထု၏  လယ်မြေ ၁၇၂၇ ဧက ရှိပြီဖြစ်ကြောင်း နန်းခမ်းအေးက
 ပြောပါသည်။ ယခုလ ၂၅ ရက်က တောင်ကြီးမြို့ ၌ စတင်သော ပြည်နယ်လွတ်တော် ပထမအကြိမ် စတုတ္ထ
ပုံမှန်အစည်းအဝေး ယနေ့ မွန်းတည့် ချိန်၌ အဆုံးသတ်မည်ဖြစ်ကြောင်း သိရပါသည်။
 
သျှမ်းသံတော်ဆင့်

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here