Friday, September 14, 2012

ဟောင်ကောင်တွင် တရုတ်ပညာရေး အစီအစဉ် ရုပ်သိမ်း

0 comments
လူ ထောင်ပေါင်း များစွာ လမ်းပေါ်ထွက်ဆန္ဒပြ မှုများ ရှိခဲ့ ပြီးနောက် ဟောင်ကောင် အစိုးရက တရုတ်ကျောင်းစာ သင်ရိုးညွှန်တမ်း ကိစ္စကို ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ဟောင်ကောင်၏ ဥပဒေပြုရေးအဖွဲ့ ကိုယ်စားလှယ်
နေရာ ၇၀ အတွက် ရွေးကောက်ပွဲများ ကျင်းပရန် တစ်ရက်အလိုတွင် ကျောင်းစာ သင်ရိုးညွှန်းတမ်း အား မသင်မနေရမှ ဆန္ဒအလျောက် သင်ယူမှုပြောင်းလဲ
ခြင်း ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်း
ဆုံးဖြတ်ချက်ကို တရုတ်လိုလားသော ဟောင်ကောင် အမှုဆောင်အရာရှိချုပ် လွမ်ချွန်ယင်း က ဖော်ထုတ်ပြော
ကြားခြင်း ဖြစ်သည်။

“ယခု ဖြစ်ပေါ်လာတဲ့ အငြင်းပွားမှုကြောင့် ကျောင်းတွေရဲ့ လည်ပတ်မှုကို မထိခိုက်စေချင်ပါဘူး။ ဒီလိုပဲ ပညာရေးပတ်ဝန်းကျင် အနေအထား ထိခိုက်မှာကိုလည်း မမြင်ချင်ပါဘူး” ဟု မစ္စတာလွမ်က ပြောကြားရင်း ယင်းမှာ ကြီးမားသော မူဝါဒပြောင်းလဲမှုဟု မှတ်ချက်ချသည်။

“သူတို့တော်တော်လေးကို လိုက်လျောလိုက်တာပဲ” ဟု အစိုးရအရာရှိဟောင်းနှင့် နိုင်ငံရေးသိပ္ပံ ကျွမ်းကျင်သူ ဂျိုးဆက်ဝေါင်က ပြောကြားသည်။ လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ဆန့်ကျင်ဆန္ဒပြသူ ထောင် ပေါင်း များစွာသည် ဟောင်ကောင် အစိုးရရုံးချုပ်အားဝန်းရံ၍ အနက်ရောင်အင်္ကျီများ ဝတ်ဆင်ကာ ယာယီတဲများ ထိုးကာ စခန်းချဆန္ဒပြရင်း ကွန်မြူနစ်ဝါဒဖြန့်ချိမှုဟု ၎င်းတို့က ပြောကြားသော သင်ရိုးညွှန်းတမ်းအား
ရုပ် သိမ်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here