Friday, September 14, 2012

ဒုံးလက်နက် ဝယ်ယူရန် ကကဝယ်အား ရုရှားသို့ စေလွှတ်

0 comments
ရုရှားနိုင်ငံမှ ဒုံးလက်နက်ဝယ်ယူရန်အတွက် ကက ဝယ်မှ ဗိုလ်ချုပ်ဇာနည်ဝင်း အား မြန်မာ့ကာကွယ်ရေး က
စေလွှတ်ထားကြောင်း သံတမန် အသိုင်းအဝိုင်း က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဗိုလ်ချုပ်ဇာနည်ဝင်းက ကကဝယ် ကလေ။
ကာကွယ်ရေး လက်နက်ဝယ်ယူရေးဌာနက အကြီးအကဲပေါ့။ ဩဂုတ်၂၂ ရက်တုန်းက စေလွှတ်တယ်”
- ဟု အဆိုပါ သံတမန်တဦးက ပြောပါသည်။

အဆိုပါ ဝယ်ယူမည့် ဒုံးလက်နက်များအား မည်သည့်အမျိုးအစားဝယ်ယူမည်ကို မသိသော်ငြားလည်း (၄) လ တကြိမ် ရုရှားမှ သယ်ယူရန် လေယာဉ်စေလွတ်မည်ဖြစ်ကြောင်းလည်း ပြောပါသည်။

“အဲဒီလက်နက်တွေ ဘယ်နိုင်ငံခြားတိုင်းပြည်နဲ့ စစ်ဖြစ်မှာလဲ။ တိုင်းရင်းသားတွေကိုဘဲ ပစ်မှာပေါ့။ အရင်တုန်း က ဗမာပြည် ကွန်မြူနစ်ပါတီကိုဘဲ တိုက်ရတာ။ မော်စီတုန်းမရှိတဲ့နောက်ပိုင်း နိုင်ငံခြားထောက်ပံ့တဲ့ လက်နက် ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ဖို့ လဲမရှိ တော့ဘူးဘဲ” - ဟု ပြောပါသည်။

မြန်မာအစိုးရသည် ရုရှားနိုင်ငံမှ MIG ဒုံးယာဉ် ၁၄ စီးကို ဝယ်ယူခဲ့ပြီးဖြစ်သည်။

သမ္မတကြီး ဦးသိန်းစိန်ကလည်း ယခုနှစ်ဧပြီလ ကရင်အမျိုးသား အစည်းအရုံး KNU နှင့်တွေ့ဆုံဆွေးနွေးစဉ်
“ ကျနော်တို့ အချင်းချင်းတွေ တိုက်ခိုက်သတ်ဖြတ်နေကြတယ်။ ကရင်စစ်သား တစ်ယောက်သေတာ ကိုယ့်နိုင်ငံသားတစ်ယောက်ဆုံးရှုံးတာဘဲ၊ ဗမာစစ်သား တစ်ယောက်သေတာ ကိုယ်နိုင်ငံသားတစ်ယောက်
ဆုံးရှုံး ရသလိုဘဲ၊ အလားတူဘဲ သျှမ်းလည်းဒီအတိုင်းဘဲ၊ ကချင်လည်း ဒီအတိုင်းဘဲ၊ မွန်လည်း ဒီအတိုင်း
ဘဲ။ ပြောကြစတမ်း ဆိုရင်တော့ ဒီဆုံးရှုံးတာတွေက အမှန်တော့ နိုင်ငံအတွက်ဆုံးရှုံးတာဘဲ။ ဒီဆုံးရှုံးမှုတွေကို
ပြန်ပြီးတော့ ကျနော်တို့  နောင်တရဖို့  ကောင်းပြီ” ဟုပြောကြားခဲ့သည်။

သို့ သော် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေအရ သမ္မတသည် စစ်တပ်အပေါ် ညွန်ကြားခွင့်မရှိ ၊အရေးအကြောင်း
ရှိပါက စစ်တပ်နှင့် ကာလုံဟုအများက သိကြသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရးကောင်စီ၌ သာတင်ပြ
ညှိနှိုင်းပိုင်ခွင့်ရှိသည်ဟု ဥပဒေကျွမ်းကျင်သူများကဆိုပါသည်။

မြန်မာ့တပ်မတော်တွင် ဒုံးတပ်ဖွဲ့  ညွန်ကြားရေးမှူးရုံး (ကကဒုံး)လက်အောက်ခံ ဒုံးတပ်ရင်း ၁၀ ရင်း ရှိရာ သျှမ်းပြည်မြောက်ပိုင်း နောင်ချို့ မြို့ တွင် တရင်းနှင့် သျှမ်းပြည်အရှေ့ ပိုင်း ကျိုင်းတုံတွင် တပ်ရင်းတရင်းရှိ သည်ဟု NDD မှတ်တမ်းတင်ဌာနမှ ထုတ်ဝေသော စာအုပ်တွင်ဖော်ပြထားသည်။ (သျှမ်းသံတော်ဆင့်)

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here