Monday, September 17, 2012

ခုနှစ်ရက်သားသမီးများအတွက် ( ၁၇.၉.၁၂) မှ (၂၃.၉.၁၂) ထိ တပတ်စာဟောစာတမ်း

0 comments
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
အိုးသစ်၊အိမ်သစ်၊ နေရာသစ်ပြောင်းရွှေ့ရတတ်ခြင်း၊ လုပ်ငန်းသစ်လုပ်ရန် အခြေအနေ
ပေး လာတတ်ခြင်းများဖြစ်တတ်သည်။ သို့သော် မလုပ်ပါနှင့်၊ ဆုံးရှုံးမည့် အချိန်ဖြစ်
နေသည်။ ငွေဝင်မည်။ငွေများအကျိုးမရှိကုန်နေမည်။ ဖုန်းထွက်ခြင်း၊ ကွန်ပြူတာထွက်
ခြင်းဖြစ်တတ်သည်။ အလုပ်တွင်စိတ်တိုင်း မကျစရာဖြစ်နေမည်။ အလုပ်တွင် စိတ်
မပါသလိုလည်းဖြစ်နေမည်။ ရပ်ဝေးမှနာရေး သတင်းကြားရတတ်သည်။ ကျန်းမာရေး။
အာရုံကြောနှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။အချစ်ရေး။ အဝေးမှ ချစ်သူ
ဆိုပါက တိတ်တိတ် ပုန်း အချစ် သစ် ရှိ နေတတ်သည်။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာ ဘာသာမှ ဘုရားသခင်အား ပဲပေါက်စီကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၆ ၅ ၀ )

တနင်္လာသားသမီးများ၏ကံကြမ္မာ
ဖုန်းဝင်ခြင်း၊ မြေ၀င်ခြင်း၊ မျက်မှန်ဝင်ခြင်း၊ ဆိုင်ကယ်ဝင်ခြင်း၊ ဆိုင်ခန်းဝင်ခြင်းများဖြစ်တတ်သည်။ ရွှေ၊ နာရီ
ထွက်တတ်သည်။ စာအုပ်ကောင်းလက်ဆောင်ရခြင်း၊ စာရွက်စာတမ်းကိစ္စများအဆင်ပြေခြင်းများဖြစ်
တတ်သည်။ မိတ်ဆွေသစ်များရခြင်း၊ မိမိမရောက်ဖူးသော ဒေသစိမ်းသို့ရောက်ရတတ်ခြင်း၊ ပြည်တွင်း၊ ပြည်ပ
ခရီးရှိခြင်း၊ အလုပ်တွင်ခိုက်ရန်ဒေါသဖြစ်ရတတ်ခြင်း၊ လူလိမ်ခံရတတ်ခြင်း၊ လူလုခံရတတ်ခြင်းများဖြစ်
တတ်သည်။ စီးပွားရေးကောင်းနေသည်။ စီးပွားတက်နေမည်။ အရေးကြီး စာတစောင်ရောက်လာတတ်သည်။
ကျန်းမာရေး။ သွားကိုက်ခြင်းဖြစ်နေတတ်သည်။ အချစ်ရေး။ လိမ်ညာခြင်းခံရတတ်သည်။ ယတြာ။ မွေးနေ့ 
နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား စမူဆာကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၃ ၅ ၁ ၅)

အင်္ဂါသားသမီးများ၏ကံကြမ္မာ
လူမျိုးခြားများ၏ကူညီမှုရခြင်း၊ နိုင်ငံရပ်ခြားခရီးသွားရခြင်း၊ အမိနိုင်ငံအလည် အပတ်ပြန်ရခြင်းများဖြစ်တတ်
သည်။ ဘ၀အတွက်မိတ်ဆွေကောင်းတွေ့ရတတ်သည်။ ဖုန်းအဟောင်းမှအသစ်ပြောင်းရခြင်း၊ ကွန်ပြူတာ
အဟောင်းမှ အသစ်ပြောင်းရခြင်းပြုလုပ်ရတတ်သည်။ အလုပ်တွင်စိတ်တိုင်း မကျစရာများဆက်တိုက်ဖြစ်နေ
မည်။ စာရွက်စာတမ်း၊ စာအုပ်ကိစ္စကြောင့်စိတ်ညစ်နေရမည်။ ဆိုင်ခန်းရောင်းရန်ခက်ခဲနေရတတ်သည်။ အစစအရာရာ သည်းခံပြီးနေပါ။ မကြာခင်အဆင်ပြေသွားပါမည်။ကျန်းမာရေး။ အမျိုးသားများဆေးထိုးမှားခြင်း၊
အမျိုးသမီများ ရာသီထိမ်ခြင်းဖြစ်နေတတ်သည်။ အချစ်ရေး။ ချစ်သူရည်စား၏ သစ္စာဖောက်ခြင်းခံနေရ
တတ်သည်။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပဲလမုန့်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၀ ၇ ၅ ၅)

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
ဘာသာရေးနှင့်ပတ်သက်သောလုပ်ငန်းများလုပ်နေရတတ်သည်။ ကားကိစ္စကြောင့်စကားများရခြင်း၊စာချုပ်
စာတမ်းကြောင့် ဖြေရှင်းရခြင်းများပြုလုပ်ရတတ်သည်။ မအားရအောင် လူမူရေးကိစ္စများတော်တော်
လုပ်နေရတတ်သည်။ စက်ပစ္စည်းများ ပျက်နေသောကြောင့် ငွေကုန်ရတတ်သည်။ရွှေလက်ကောက်ဝင်ခြင်း၊
သားသမီးရခြင်းဖြစ်တတ်သည်။ စီးပွားတိုးချဲ့လုပ်ကိုင် ရန်ကောင်းသော အချိန်ဖြစ်သည်။ သောကြာနံ
ပစ္စည်းများဝင်တတ် သည်။ ကောင်းသည်။ ကျန်းမာရေး။ မျက်စိနှင့်ပတ်သက်သော ရောဂါဖြစ်တတ်သည်။
အချစ်ရေး။ အစစအရာရာအဆင်ပြေနေမည်။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာ ဘာသာမှ
ဘုရားသခင်အား နန်ကထိုင်မုန့်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၆ ၃ ၄ ၄)

ကြာသပတေးသားသမီးများ၏ကံကြမ္မာ
အမိနိုင်ငံအလည်အပတ်ပြန်ရတတ်သည်။ အလုပ်တွင်စိတ်ပင်ပမ်းလူပင်ပမ်းဖြစ်နေတတ်သည်။စီးပွားတက်ခြင်း၊
ပညာတခုခုသင်ရခြင်း၊သင်တန်းတက်ရခြင်းများပြုလုပ်ရတတ်သည်။ကွန်ပြူတာဝင်ခြင်း၊ ဖုန်းဝင်ခြင်းဖြစ်
မည်။ အလုပ်တွင်မပျော်ပိုက်သောကြောင့် အလုပ်ပြောင်း လိုစိတ်ဖြစ်နေမည်။ မပြောင်းပါနှင့်။ ပြောင်းကနောက်
အလုပ်ကပိုပြီးစိတ်ညစ်ရတတ်သည်။ လက်ရှိအလုပ်တွင်မှေးပြီးနေပါ။ ထီပေါက်တတ်သည်။ကျန်းမာရေး။
အသဲနှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။ ( အရောင်ပါသောအအေး၊ ဆေးဆိုးပါသောအစားအစာများ
ရှောင်ပါ)။ အချစ်ရေး။ စန်းပွင့်နေမည်။ ချစ်ချင်သူများနေမည်။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာ
ဘာသာမှဘုရားသခင်အား ဘဲသားမုန့်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၄ ၂ ၂ )

သောကြာသားသမီးများ၏ကံကြမ္မာ
မိမိအလုပ်တွင်တိုးတက်ခြင်း၊ နာမည်ဂုဏ်သတင်းကောင်းနေခြင်း၊ ၀င်ငွေကောင်းခြင်းများဖြစ်နေမည်။ သုံးနေ
သောလျှပ်စက်ပစ္စည်းပျက်နေ သောကြောင့်စိတ်ညစ်နေရတတ်သည်။ ရစရာငွေများပြန်မရသောကြောင့် မိမိစီမံကိန်းပျက်သွားခြင်းဖြစ်နေသည်။ နိုင်ငံရပ်ခြားကိစ္စရပ်ဆိုင်းနေတတ်သည်။ မကြာခင်အဆင်ပြေသွားမည်။
ကျန်းမာရေး။ မျက်နှာတွင်ယားနာခြင်း၊ ယောင်ခြင်းဖြစ်နေတတ်သည်။ အချစ်ရေး။ စိတ်ချမ်းသာမှုများနှင့်
ပျော်ရွှင်နေမည်။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အာ ကိတ်မုန့်ကပ်လှူ ဆု
တောင်းပါ။
အကျိုးပေးဂဏန်း။ ( ၈ ၄ ၇ ၄)

စနေသားသမီးများ၏ကံကြမ္မာ
လာဘ်ကောင်းနေခြင်း၊ အလုပ်တွင်နေရာကောင်းရခြင်း၊ လစာတိုးခြင်း၊ ပျော်ရွှင်သောခရီးသွားရခြင်း၊ စီးပွားရေး
ကောင်းနေခြင်းများဖြစ်နေမည်။ လမ်းပြုပြင်ရခြင်း၊ လျှပ်စက်ပစ္စည်းများဝင်ခြင်း၊ ရွှေဝင်ခြင်း၊ ကား အဟောင်း
အသစ်လဲရခြင်း၊ ကားဝင်ခြင်းများဖြစ်တတ်သည်။ အပျော်အပါးသတိ ထားပါ၊ အပျော်အပါးကြောင့် စီးပွားပျက်
တတ်ခြင်း၊ မိမိဂုဏ်သိက္ခာကျခြင်းများဖြစ်တတ်သည်။ ကျန်းမာရေး။ အစားမှားပြီးလေထိုးလေအောင့်ဖြစ်
တတ်သည်။ အချစ်ရေး။ စိတ်တိုင်း ကျမတွေ့ဖြစ်နေတတ်သည်။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာ
ဘာသာမှဘုရားသခင်အား ပေါင်မုန့်ကြက်ဥကြော်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၄ ၃ ၂)

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝပါစေ*ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ၅း၀၀ နာရီ ထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး
ဖုန်း- +6016 6903 513, +6018 2250 510
E-mail.swezinwati@gmail.com

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here