Monday, September 17, 2012

အရည်အချင်းရှိသူတွေ အဆိုတော်ဖြစ်ခွင့် အများကြီးရှိကြောင်း Bobby Soxer ပြော

0 comments
အခုလတ်တလောမှာ တော့ ထက်ထက် (Bobby Soxer)က ဒုံးပျံအမ်တီဗီ
ကို ရိုက်ကူးနေပြီး စာမေးပွဲရှိနေတဲ့ အတွက် ရိုက်ကူးမှုကို ခဏတော့ နားထားကြောင်း ပြော ပြခဲ့ ပါတယ်။ စက်တင်ဘာလ ၈ ရက် နေ့မှာထွက်
ခဲ့တဲ့ ဘိုဘိုအင်တာ တိန်းမန့် တစ်နှစ်ပြည့်အခွေမှာ လည်း “တန်ပြန်
သက်ရောက်မှု” ဆိုတဲ့ သီချင်းကို ထက်ထက်က သီဆိုခဲ့ပါတယ်။ ဆိုနေကျ ပုံစံမဟုတ်တဲ့ ဒီသီချင်းလေးကို ဆိုဖြစ်သွားခဲ့တဲ့ထက်ထက်က..”သီချင်း
က ဆိုနေကျပုံစံနဲ့ နည်းနည်းလေးမတူဘူး။ သူများတွေ လုပ်ထားပြီး သား ပုံစံမျိုးလည်း မဟုတ်ဘူးလို့ထင်ပါတယ်။ မြူးဇစ်အရိန့်မန့် ပိုင်းနဲ့ မယ် လိုဒီပိုင်းကို ကိုလွှမ်းပိုင် ကရွေးပေး ထားတာ။ ရက်ပ်တွေက နဂိုဆိုနေကျ ပုံစံမျိုးမဟုတ်ဘဲ အမြန်တွေလည်း ပါသလို အနှေးတွေလည်း ပါတယ်။ အဲဒီမှာ ဆိုပုံဆို ပေါက်က ပရိသတ်ကြားထဲမှာ ဘယ်လိုဆိုသွားလဲ၊ အဲဒီလို
လေးဖြစ်အောင် ဆိုထားတာတွေ ရှိတယ်။ အဲဒီသီချင်းလေးက နား
ထောင်ကြည့်ရင် ပုံစံတစ်မျိုး ဖြစ်လိမ့်မယ်လို့ ထင်တာ ပဲ။ ပရိသတ်ကြီး
ကိုလည်း နားထောင်ကြည့်စေ ချင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ရှိုးပွဲတွေ၊ အခွေတွေမှာဆိုရင် ကိုယ့်ရဲ့သီချင်းကို ပရိသတ် ရင်ထဲမှာ
စွဲနေအောင် ဘယ်လိုအိုင်ဒီယာတွေနဲ့ စဉ်းစားပြီး လုပ်လဲလို့ မေးကြည့်တော့…”ဘယ်မှာပဲဖြစ်ဖြစ် အတွဲခွေ
ဆိုရင် လည်း ကိုယ့်သီချင်းပေါ်အောင် အမြဲစဉ်းစားရတယ်။ ထက်ထက်ကတော့ အတွဲခွေမှမဟုတ်ဘူး။ အမြဲတမ်းစဉ်းစားတယ်။ တစ်ပုဒ်ချင်းစီကို ပရိသတ်သတိထား မိအောင် ၊ ပေါ်အောင် ဘယ်လိုလုပ်မလဲပေါ့”
လို့ ဆိုပါတယ်။

အနုပညာ လောကထဲမှာလည်းလူငယ်သစ်တွေတိုးလာခဲ့သလိုဂီတဘက်မှာဆိုရင်လည်းလူငယ်တွေကဟစ်ဟော့ပ်
ဘက်မှာ ပိုများ လာပါတယ်။ အဆိုတော် တစ်ယောက် အနေနဲ့ ရေရှည် ရပ်တည်နိုင်ဖို့ အတွက်ကတော့ ပရိသတ်
က အဆုံးအဖြတ် ပေးသွားမှာပါလို့ ပြောတဲ့ ထက်ထက် က…”ကွာခြားမှုတွေက ကျန်တဲ့အပိုင်းမှာသိပ်ပြီးကွာခြားမှု
မရှိပေမယ့် တကယ့်အရည် အချင်းရှိတဲ့ သူတွေသာဆိုရင် စင်ပေါ်ကို ခြေတစ်လှမ်း လှမ်းလိုက်တာနဲ့ အဆိုတော်
ဖြစ် သွားနိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိ တယ်လို့မြင်မိပါတယ်။ ပေါ်ပင်ဖြစ်ချင်လို့ တော့မရဘူး။

အရည်အချင်းရှိမှ အဆိုတော် ဖြစ်လာမှာပေါ့နော်။ စိတ်ဓာတ် နဲ့ ကြိုးစားမှုက ကြာလို့ရှိရင် ကွာသွားတယ်။
ဝါသနာပါတဲ့လူ နဲ့ ပေါ်ပင်ဖြစ်ချင်တဲ့သူနဲ့က ကြိုးစားမှုကွာသွားရင် ကွာသလိုမျိုးပဲ။ အဆိုတော်
တစ်ယောက် ရေရှည်ရပ်တည် နိုင်မှာလား၊ မရပ်တည်နိုင်ဘူးလား ဆိုတာ ပရိသတ်က အဆုံးအဖြတ် ပေးသွား
မှာပါ” လို့ လူငယ်တစ်ယောက်ရဲ့အမြင်သဘော ထား ကို ပြောပြခဲ့ပါတယ်။ ဒုံးပျံ အမ်တီဗီ ကို စိတ်ရှည်
လက်ရှည်နဲ့ စောင့်ပေးနေတဲ့ ပရိ သတ်အတွက်လည်း အတတ်နိုင်ဆုံး ကောင်းအောင် ကြိုးစားထားပါတယ်
လို့လည်း ထက်ထက်က ပြောပြသွားခဲ့ပါတယ်။ သိမ့်သိမ့်

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here