မန္တလေးမြို့ အတွင်း အခုလို ကွမ်းယာဆိုင် ဖွင့်လှစ်မှုကို ကန့်သတ်မှုသာမက လက်ဘက်ရည်ဆိုင်များ၊ စားသောက်ဆိုင် များမှာလည်း ကွမ်းတံတွေး မထွေးဖို့နဲ့ အမှိုက်များ စနစ်တကျ စွန့်ပစ်ဖို့ အတွက်အမှိုက်ပုံး
ထားရှိ ဆောင်ရွက်ဖို့ ကိုလည်း လမ်းညွှန်ထားပါတယ်။ ဒီလို လမ်းညွှန်ချက် အတိုင်း ဆောင်ရွက်မှုများ မပြုလုပ်ပါက မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေနဲ့ ပထမအကြိမ် ကျူးလွန်မှု အတွက် သတိပေးပြီး ဒုတိယ အကြိမ် ထပ်မံ ကျူးလွန်ရင်တော့ ဒဏ်ရိုက် အရေးယူမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ဒဏ်ရိုက် အရေးယူရာ မှာတော့ ဒဏ်ကြေး အဖြစ် ကျပ် တစ်သောင်းခွဲမှ လေးသောင်းခွဲထိ သတ်မှတ် ထားတယ်လို့ သိရပါတယ်။