Tuesday, September 18, 2012

လက်ဖက်ရည်ကြမ်းက ဦးနှောက်ဆဲလ် ထုတ်လုပ်မှုကို မြင့်မားစေနိုင်

0 comments
လက်ဖက်ရည် ကြမ်းမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေ ဟာ မှတ်ဉာဏ်၊ နေရာ ဒေသနဲ့ သက်ဆိုင်တဲ့ သင်ကြားမှု
တွေမှာ အကျိုးရှိနိုင်တဲ့ ဦးနှောက်ဆဲလ် ထုတ်လုပ်မှု မြင့်
မားနိုင်ကြောင်း မကြာခင်က ပြုလုပ်တဲ့ မော်လီကျူလာ အာဟာရနဲ့ အစားအသောက် ဆိုင် ရာ လေ့လာမှုမှာ
ဖော်ပြ ထားပါတယ်။

လက်ဖက်ရည်ကြမ်းကို နှလုံးသွေးကြောရောဂါ မဖြစ်
အောင် ကာကွယ်ဖို့ လေ့လာမှုတွေ အများ အပြား
ပြု လုပ်ထားပြီး ဖြစ်ပါတယ်။ အခုလေ့လာမှုမှာ လက်ဖက် ရည်ကြမ်းမှာ ပါဝင်တဲ့ ဓာတုပစ္စည်း (Epigallocat echin- 3 gallate, EGCG) ရဲ့ ဂုဏ်သတ္တိဟာ ဦးနှောက်ဆဲလ်တွေ
အပေါ် အကျိုးသက်ရောက်မှုကို လေ့ လာခဲ့ပါတယ်။

EGCG ဟာ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်ပြီး အသက်ကြီးခြင်းနဲ့ သက်ဆိုင်တဲ့ ပျက်စီးယိုယွင်း တဲ့
ရောဂါတွေပေါ်မှာ အလွန် အကျိုးရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။ EGCG ဟာ ဦးနှောက် အာရုံခံဆဲလ်တွေ ထုတ်လုပ်မှု မြင့်မားစေတာကြောင့် သင်ကြားရေးမှာ အထောက်အကူဖြစ်စေပြီး အရာဝတ္ထုတွေ၊ အမည်နာ မတွေနဲ့ နေရာဒေသတွေကို မှတ်မိနိုင်စွမ်း ပိုကောင်းလာတယ်လို့ ဆိုပါတယ်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here