Tuesday, September 18, 2012

တရုတ်က သတို့သမီးသန်း(၂ဝဝ) လိုအပ်ချက်ရှိနေ၍ မြန်မာအမျိုးသမီးများ လူကုန်ကူး မခံရရန် ဂရုပြုသင့်-

0 comments
တရုတ် အစိုးရ အနေဖြင့်လူကုန်ကူးမှုလမ်းကြောင်း အား
အနည်းငယ်ဖွင့်ပေး ထားကြောင်းသိရသည့် အတွက်
မြန်မာနိုင်ငံသူနိုင်ငံ သားများ၏လုံခြုံရေးကိုမိမိတို့ ကိုယ်တိုင်
ထိန်းသိမ်းရန် အရေးကြီးလာကြောင်း မြန်မာအမျိုး
သမီးအခွင့်အရေး လှုပ်ရှားနေသူ ဒေါ်စူစန်နာ လှလှစိုးက
ပြောသည်။ တရုတ်ပြည်သို့ လူကုန်ကူးခံရသူ အရေ
အတွက်များပြားနေခြင်းမှာ တရုတ်ပြည် အစိုးရချမှတ်ထား
သော One Child ပေါ်လစီကြောင့် အိမ်ထောင်သည် အများစု ကလေးယူရာတွင်ယောက်ျားလေးသာ အယူများ
နေခြင်းကြောင့်တရုတ် ပြည်တွင် သတို့သမီးသန်း
(၂ဝဝ)ဝန်းကျင် လိုအပ်လျှက်ရှိသည့်အတွက် အိမ်နီးချင်း
နိုင်ငံများမှ အမျိုးသမီးများ လူကုန်ကူးခံနေရခြင်းဖြစ်
ကြောင်းကို လည်း သိရသည်။

မြန်မာနိုင်ငံမှနေ၍ အခြားနိုင်ငံများသို့ လူကုန်ကူးခံရမှု
တွင် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရခြင်းမှာအများဆုံး
ဖြစ်နေကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုမှ
စာရင်းများအရ သိရသည်။ ထိုသို့ ပြည်ပနိုင်ငံများသို့ လူကုန်ကူးခံရမှုသူများတွင် အမျိုးသမီးရာခိုင်နှုန်းမှာ
(၈၅)ရာခိုင်နှုန်းရှိနေကြောင်းကိုလည်း သိရှိရသည်။

လူကုန်ကူးမှုတွင် ပုံစံခုနစ်မျိုးရှိရာ အများဆုံးဖြစ်ပွားနေသည့်
ပုံစံမှာအဓမ္မထိမ်းမြား လက်ထပ်ခြင်းဖြစ်ပြီး ၊လိင်လုပ်သားအဖြစ် အလုပ်ခံရမှုနှင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု
များမှာ နောက်ဆက်တွဲပြဿနာများအဖြစ် ရှိနေကြောင်း သိရသည်။ ''ဒီလို အမျိုးသမီးတွေ လူကုန်ကူးခံနေ
ရတာနဲ့ပတ်သက်ပြီး ပညာပေးတွေ အခုထက်ပို ပြီး လုပ်ဆောင်သင့်တယ်၊ ရန်ကုန်တင်မကဘူး နယ်တွေဘက်ကို လည်းလုပ်ရမယ်၊ အစိုးရပိုင်း အနေနဲ့လည်း နယ်စပ်တွေမှာ သေချာစိစစ်ပြီး အလုပ်နဲ့သွားတာလား၊ လူကုန်ကူး ခံရသူအဖြစ်နဲ့ သွားတာ လားဆိုတာတွေ သေချာစိစစ်သင့်တယ်''ဟုဒီချုပ်ပါတီမှပြည်သူ့လွှတ်တော် ကိုယ်စား
လှယ် ဒေါ်ဖြူဖြူသင်းကပြောသည်။

မြန်မာနိုင်ငံ မှနေ၍တရုတ်ပြည်သို့ လူကုန်ကူးခံရသူများ အားနေရပ်သို့ပြန်လည်နေရာချထားပေးနိုင် သူအရေ
အတွက်မှာ ၂ဝ၁၂ခုနှစ် မေလအထိ (၇၈ဝ)ဦးရှိခဲ့ပြီး၊ ထိုင်းနိုင်ငံမှ (၄၈၃)ဦးနှင့် အင်ဒိုနီးရှားနိုင်ငံမှ (၁၆)ဦး ရှိကြောင်း သိရှိရသည်။ လူကုန်ကူးခံရ သူများတွင် ၈၅ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်သကဲ့သို့ လူကုန်ကူး မှုတရားခံများတွင်လည်း အမျိုးသမီးများမှာ (၆၅)ရာခိုင်နှုန်း ရှိကြောင်း လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဗဟို၏ စစ်တမ်းများအရ သိရသည်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here