Tuesday, September 18, 2012

ဦးနှောက်၏မှတ်ဉာဏ်စွမ်းရည်နှင့် ပတ်သက်၍ သုတေသနရလဒ်သစ် တွေ့ရှိ

0 comments
အမေရိကန် နိုင်ငံမှ သုတေသန ပညာရှင်များက ဦးနှောက်စွမ်းရည်နှင့် ပတ်သက်ပြီး ပိုမိုထဲထဲဝင်ဝင်သိရှိ
လာသည့် သုတေသန ရလဒ်တစ်ခုကို ဖော်ထုတ်နိုင်
ခဲ့သည်။ အိုဟိုင်ယိုရှိ ကေ့စ်ဝက်စ်တန်း ရီဗာ့စ် တက္ကသိုလ်
မှ ပညာရှင်များက မိမိတို့သည် ဦးနှောက် တစ်သျှူး
အလွှာ များထဲသို့ မှတ်ဉာဏ်နှင့် ဆင်တူသည့် လှုပ်ရှားမှု
များကို ထည့်သွင်းပေးသည့်အခါ အဆိုပါ လှုပ်ရှားမှု
များသည် ကာလအတန်ကြာ တည်မြဲနေကြောင်း ပြော
ကြားခဲ့သည်။

ဦးနှောက် တစ်သျှူးများသည် တစ်စုတစ်စည်းတည်း ရှိမနေဘဲ အလွှာလိုက် ခြားနားနေသည့်တိုင် မှတ်ဉာဏ် အနေအထားကို ကာလတိုမျှ သိုမှီးထားနိုင်အောင် မိမိတို့ လုပ်ဆောင်လာနိုင်ကြောင်း ပညာရှင်များက
ပြောကြားခဲ့သည်

အစောပိုင်းက မှတ်ဉာဏ် ဆိုသည်မှာ ဦးနှောက်ရှိ အာရုံကြောဆဲလ်များ ခိုင်မာစွာ ဆက်သွယ်ထား မှုဖြင့်
တည်ဆောက်နိုင်ကြောင်း ပညာရှင်များက ယုံကြည်ထားခဲ့သည်။ NatureNeuroscience ဆေးပညာ
ဂျာနယ်တွင် ဖော်ပြလိုက်သည့် ယခုတွေ့ရှိမှုသည် အဆိုပါ အမြင်ကို ပိုမို ထဲထဲဝင်ဝင် နက်နက်ရှိုင်းရှိုး ချဉ်း
ကပ်မှုဖြစ်လာခဲ့သည်။

သုတေသီများဖြစ်သည့် ရောဘတ်ဟိုက်ဒီနှင့် ဘန်စထရိုဘရစ်ဂ်ျတို့သည် ကြွက်ဦးနှောက် တစ်သျှူးများ
ကို ဒေါင်လိုက်လွှာကာ Electrodeများ အသုံးပြု လှုပ်ရှားစေပြီး တစ်သျှူးလွှာများအတွင်း လှုပ်ရှားမှုကို
တိုင်းတာ လေ့လာခဲ့ကြသည်။

ဦးနှောက်ရှိ Hippocampus အပိုင်းမှ တစ်သျှူးများသည် ကာလရှည် မှတ်ဉာဏ်ကို သိုမှီးထားနိုင်စွမ်းအတွက် အရေးပါသော အစိတ်အပိုင်းများ ဖြစ်ကြသည်။ တွေ့ရှိမှု အသစ်အရ သီးခြား တစ်သျှူးလွှာတိုင်းသည်
လှုံ့ဆော်မှုတွင် လွတ်လပ်စွာ တက်ကြွနိုးကြားနိုင်ကြောင်း သိရှိလာရသည်။

ထိုတစ်သျှူးများသည် ပတ်ဝန်းကျင် လှုံ့ဆော်မှုနှင့် စပ်လျဉ်းသည့် မှတ်ဉာဏ်ကို (၁၅)စက္ကန့် ဝန်းကျင်ထိ ထိန်းသိမ်းထားနိုင်ပြီး ထို့နောက်တွင်မူ လျင်လျင်မြန်မြန် ယုတ်လျော့ ပျောက်ကွယ်သွားကြောင်း ပညာရှင်
များက ဆိုသည်။

ယခုကိစ္စသည် မှတ်ဉာဏ်စွမ်းရည်ကို လေ့လာရာတွင် အသိအမှတ်ပြုထိုက်သည့် ခြေလှမ်းတစ်ရပ် ဖြစ်သော်
လည်း ပညာရှင်များက မှတ်ဉာဏ်စွမ်းရည်သစ်ကို တီထွင်နိုင်မှုမျိုး မဟုတ်ဟုလည်း သိရှိရသည်။

Leave a Reply

 
Khun Saw Maung © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here